Chp 597 (အံ့သြသင့်သွားသော ရွီဖူတိ)

38 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 597 (အံ့အားသင့်သွားသော ရွှီးဖူတိ)

စကြ၀ဠာ လေဝဲထဲ ဂျိနင် ခြေလှမ်းလှမ်းလိုက်တာနဲ့ သူ့အရှေ့မှာ လေထဲမျောလို့နေတဲ့ တောင်ကြီးတစ်တောင်ကို မြင်လိုက်ရပါတော့တယ်။ အတွင်းစိတ် နှလုံးသားတောင်…

“ဆရာဦးလေး..”

“ဆရာဦးလေး..”

“ဘိုးဘိုးဆရာဦးလေး…”

နင်လည်း မကြာခဏဆိုသလို နှုတ်ဆက်စကားဆိုလာခဲ့ရင်း လမ်းလျှောက်လာနေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ရွှီးဖူတိရဲ့ တာအိုဘုရားကျောင်းတော်ကို သူရောက်ရှိလာခဲ့ပါပြီ။ ၀င်ပေါက်မှာတော့ အစောင့်အရှောက်နှစ်ဦးပါ။ ရေကြည်နဲ့ မြစ်ဖြူတို့လေ။ သူတို့တွေက သူ့ကို မတားဆီးခဲ့ကြပါဘူး။ ဂိုဏ်းချုပ်ဘိုးဘိုးကြီးဆီကနေ ညွှန်ကြားချက်ကို သူတို့ ရရှိထားပြီးသားလေ။

နင်လည်းတာအို ဘုရားကျောင်းတော်ထဲ ၀င်လာခဲ့တဲ့အခါမှာတော့… သူ့ဆရာရွှီးဖူတိဟာ ကြာပန်းသဏ္ဌာန် ထိုင်နေခဲ့တာကို မြင်လိုက်ရပါတော့တယ်။

“ဆရာ…”
နင်လည်း ဦးညွတ်ဂါရ၀ ပြုလိုက်ပါတယ်။

“တပည့်ပြောလေ။”
ရွှီးဖူတိလည်း နင်ကို ကြည့်လိုက်ပြီလေ။

“အက်ကြောင်းမဲ့ဂိတ်ကို တပည့် အကြိမ်တော်တေ်ာများများပဲ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ အင်ပါရီယာ နတ်ဘုရားနဲ့ အစစ်အမှန် အင်မော်တယ် ဆယ်ဦးကျော်ကို သတ်ဖြတ်ခဲ့ပြီးပါပြီဆရာ…”
နင်စကားဆက်လိုက်ပါတယ်။
“အက်ကြောင်းမဲ့ဂိတ်ကို ကျွန်တော့်ရဲ့ ဂိုဏ်းတူအစ်မတော် လွှတ်ပေးဖို့အတွက် ဖိအားပေးလိုခဲ့တာပါ။ ဒါပေမဲ့ သူတို့တွေက သဘောမတူခဲ့ကြဘူးဆရာ… ဒါပေမဲ့ … ကျွန်တော် မထင်မှတ်တာတစ်ခုကို ရရှိခဲ့တယ်ဆရာ…”

ရွှီးဖူတိလည်း ပြုံးလိုက်ပြီးတော့
“ပြီးတော့ မင်းရဲ့ ဆရာကို ကိုယ်တိုင်လာပြောပြတယ်ပေ့ါ…”

“အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေရဲ့ ရတနာတွေက သိပ်ပြီးတော့ အစွမ်းမထက်လှပါဘူးဆရာ… ကျွန်တော့်ရဲ့ အကြီးမားဆုံးသော ကံကောင်းခြင်းကတော့ ကောင်းကင်အင်မော်တယ် မီးလျှံငယ်ရုပ်ဆိုးကြီး သေဆုံးသွားရာကနေမှ ရရှိလာခဲ့တာပါခင်ဗျာ….”
နင်လည်း စကားဆက်လိုက်ပြီးတော့
“မီးလျှံငယ် ရုပ်ဆိုးကြီးရဲ့ မှော်ရတနာတွေ ထဲမှာမှ…မဟာကျင့်စဉ်ကြီး ခုနစ်ခု ပါ၀င်တဲ့ ရှားပါး ပစ္စည်းတစ်ခုကို တွေ့ခဲ့ရပါတယ်။ ဒီပညာရပ်တွေကို လေ့လာဖို့အတွက် ကျွန်တော် တော်တော်ကြိုးစားအားထုတ်ခဲ့ရတယ်လေ။ ကျွန်တော် သင်ယူပြီးတဲ့အခါမှာတော့.. ဒီရှားပါးပစ္စည်းဟာ တစ်စစီဖြစ်ပြီး ပျက်စီးသွားခဲ့ရပါတယ်ဆရာ…”

Book 21 - 30Where stories live. Discover now