ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22
Chapter 18 (မြေမှုန်နီ ကပ်ဘေး){မြေမှုန်နီ ဆိုတဲ့ အဓိပ္ပာယ်ကတော့ ကမ္ဘာလောကကနေ ကိုယ်ရရှိခံစားခဲ့ရတဲ့ စိတ်ဆန္ဒလိုအင်တွေဖြစ်တဲ့ ပျော်ရွှင်မှု၊ ကြောက်ရွံ့မှု၊ ဒေါသ၊ လွမ်းဆွေးခြင်း၊ စိတ်ပူခြင်း၊ ၀မ်းနည်းကြေကွဲခြင်း .. အစရှိတဲ့ ခံစားချက်တွေပေါ့..။ ဒါဟာ သာမန် သေမျိုးလူသားတို့ရဲ့ စွန်းထင်းနေမှုပါ။ ဗုဒ္ဓလမ်းစဉ်ကို ပိုပြီးအဆင့်မြင့်မြင့် လေ့လာပြီးတဲ့အချိန်ကျရင်… ကမ္ဘာဆိုတာ ကိုယ့်၀န်းကျင်မှာသာ ဖြစ်ပျက်ကျန်ရစ်ခဲ့ပြီး ကိုယ့်ရဲ့ နှလုံးသားဟာ အလွန်ကို သန့်စင်ကြည်လင်လာပါလိမ့်မယ်။ မြေမှုန်နီတွေလည်း စွန်းထင်းခြင်း မရှိတော့ပါဘူး။
မြေမှုန်နီရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကတော့ သာမန်သက်ရှိတို့ရဲ့ ဖြစ်တည်မှုဘဝတွေကို ဆိုလိုချင်တာပါ။}
စတေးဝါးတားပြည်နယ်၊ ချိုင့်ဝှမ်းဒေသ၊ တောင်ပံမြွေနဂါးရေအိုင်ရဲ့ တောက်ပသော နှလုံးသားကျွန်းအထက်…
ဦးလေးဖြူလည်း လူသားသဏ္ဌာန် အသွင်ပြောင်းလိုက်ပြီးတော့ တစ်ဦးတည်း ကျောက်ဖျာကြီးထက် ထိုင်ပြီးတော့ အရက်သောက်လို့နေပါတယ်။ သူ့နံဘေးမှာတော့ မူနော့စွန်းလည်း ကျောက်ဖျာကြီးရဲ့ လက်ရန်းကို မှီပြီးတော့ မျက်လုံးကိုမှိတ်ထားလို့ပါ။ ချွင်ကလေးကတော့ ကျောက်ဖျားကြီးရဲ့ ထောင့်တစ်ထောင်မှာ ထိုင်လို့နေပါတယ်။
အားလုံး တိတ်ဆိတ်နေကြလို့ပါ။
အချိန် တော်တော်ကြီး ကြာသွားတဲ့ အခါမှာတော့…
“ဆောင်းဦးသစ်ရွက်လေးကို ကျွန်မတို့ပြောပြရမလား..။”
ချွင်ကလေး ပြောလိုက်တာပါ။“မပြောနဲ့ဦး…”
ဦးလေးဖြူလည်းသက်ပြင်းချလိုက်ပြီးတော့
“ဆောင်းဦးသစ်ရွက်လေး နှလုံးသားထဲမှာ သားလေးနင်က… အား… သူမ ဒီထိုးနှက်မှုကို ခံနိုင်မှာ မဟုတ်ဘူး..။ ခဏလောက် စောင့်လိုက်ပါ။ နင်တံခါးပိတ် တရားကျင့်နေတယ်ပဲ ပြောပြထားလိုက်ဦးမယ်။”“ကျွန်မတို့က ဒီကိစ္စ… သူတို့ကို အသိမပေးပဲ ဖုံးကွယ်ထားရမှာလား..”
ချွင်ကလေးက မေးလိုက်ပါတယ်။
![](https://img.wattpad.com/cover/221419292-288-k811127.jpg)