Book 25 Chp 4

48 6 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 25 
Chapter 4 (မိုးကောင်းကင်စမ်းသပ်စစ်ဆေးခြင်း မတိုင်မီ…)

ဂျိနင် ရင်ထိတ်သွားပါတယ်။ သူ့ဆရာ ရွှီးဖူတိနဲ့ ယွမ်အဖိုးအိုတို့ ရန်ဖြစ်နေခဲ့တယ်လေ။ သူ့ဆရာက နှလုံးသား ဆုဒြာလေ့ကျင့်တာကို တားမြစ်တော့မှာလား..။

“ယွမ်အဖိုးကြီးက မင်ကို ဘာသင်ပေးလိုက်တာတုန်း..။”
ရွှီးဖူတိလည်း မေးကြည့်လိုက်ပါတယ်။

“နှလုံးသား ဆုဒြာပါဆရာ..။”
နင် မဖုံးကွယ်ထားရဲပါဘူး။
“ဒီပညာမှာ နှလုံးသားအင်အားကို လက်တွေ့အသုံးချတဲ့ ပညာတွေနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေနဲ့ တာအိုဖခင်ကြီးအချို့ရဲ့ နှလုံးသားအင်အားပညာရပ်အချို့ပါ၀င်ပါတယ်ဆရာ..။ ဒါပေမဲ့အားလုံးကတော့ စနစ်တကျ ပြုစုထားတာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ အများကြီးအကျိုးပြုပါတယ်။ အထူးသဖြင့် စိတ်ဝိညာဉ်မှာ နှလုံးသားအင်အားကို အသုံးပြုတဲ့ ပညာပေါ့..။ ဒါက ဓားပျံကြီးတစ်ထောင် ၀င်္ကပါဓားသိုင်းကို ကျွန်တော် အသုံးပြုတာမှာ အများကြီးအထောက်အကူပေးပါလိမ့်မယ်ဆရာ…။ ပြီးတော့ မိစ္ဆာနှလုံးသား စမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်ဖို့လည်း အများကြီး အထောက်အကူပေးနိုင်မှာပါ။”

ရွှီးဖူတိလည်း နင်ကိုကြည့်လိုက်ပြီးတော့ အေးအေးဆေးဆေး ပြုံးပြလိုက်ပါတယ်။
“တပည့်ရဲ့ ဆရာက ကလေးဆန်တဲ့ လူမှမဟုတ်တာ..။ သဘောထားကြီးပါတယ်။ တာအိုဖခင်ကြီးက တပည့်ကို ဒီဆုဒြာ လက်ဆောင်ပေးခဲ့တဲ့အပြင် တပည့်ကိုလည်း သူ့ဆီ အတင်းအကျပ် တပည့်မခံခိုင်းခဲ့ဘူးလေ။ ဒါကြောင့် လေ့ကျင့်ပါ။ တာအိုဖခင်ယွမ်က နောက်ပိုင်းမှာ ဆရာတို့မဟာမိတ်ဘက် ပူးပေါင်းလာခဲ့မယ်ဆိုရင်တော့ သူ့ရဲ့ ကြင်နာမှုကို တပည့်ပြန်ပြီး ပေးဆပ်လိုက်ပါ။ ဒါပေမဲ့ အက်ကြောင်းမဲ့ဂိတ်နဲ့ သူ ရပ်တည်တယ်ဆိုရင်တော့… ဒါဆို ဒီမဟာမိတ် အဖွဲ့နှစ်ခုမှာတစ်ကယ့် စစ်ပွဲကြီးဖြစ်လာခဲ့တဲ့အခါ သူ့ကို ငါ့တပည့် အစွမ်းကုန် ထုတ်သုံးပြီး ရင်ဆိုင်တိုက်ခိုက်ရမယ်။ သူက တပည့်ရဲ့ ဆရာဖြစ်သွားခဲ့ရင်တောင်မှ ဒီလို တိုက်ခိုက်ရမှာလေ။ အခုလို ပညာရပ်လေးတစ်ခု လွှဲပြောင်းပေးလိုက်တာကို စာဖွဲ့မနေနဲ့တော့..။”

Book 21 - 30Where stories live. Discover now