Book 23 Chp 19

45 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23 
Chapter 19 (ပြန်လာပြီ)

ကောင်းကင်ထက်မှာ တိမ်တိုက်တွေ ရှိလို့နေပါတယ်။ စကြ၀ဠာ လေဟာနယ်ဝဲကြီးတစ်ခုနဲ့အတူ တာအိုတန်ခိုးရှင် ၀တ်စုံကို ၀တ်ဆင်ထားတဲ့ အဖိုးအို တစ်ဦးနဲ့ လူငယ်လေးတစ်ဦးတို့ ထွက်ပေါ်လာခဲ့ပြီလေ။

ဂျိနင်လည်း အောက်ကို ငုံ့ကြည်လိုက်ပါတယ်။

အတွင်းစိတ်နှလုံးသားတောင်ကို သူမြင်နေပြီလေ။ အတွင်းစိတ်နှလုံးသားတောင်က တပည့်တပန်းတွေဟာလည်း အေးချမ်းစွာ လှုပ်ရှားသွားလာနေကြလို့ပါ။

“သွားကြမယ်လေ။”
ရွှီးဖူတိလည်း နင်နဲ့အတူ ပျံသန်းလာခဲ့ပါပြီ။ အတွင်းစိတ်နှလုံးသားတောင်ရဲ့ ဗဟိုချက်မဖြစ်တဲ့ ကြယ်သုံးလုံး လခြမ်းကွေးတဲအိမ်လေးဆီကို သိပ်မကြာခင်မှာပဲ ရောက်သွားခဲ့ကြပါပြီ။ ဒီနေရာက သာမန် တာအိုဘုန်းတော်ကြီးကျောင်းနဲ့ အသွင်သဏ္ဌာန်ချင်း တူနေပေမဲ့လည်း ဂိုဏ်းချုပ်ကြီးရွှီးဖူတိ လေ့ကျင့်နေတဲ့ နေရာလေ။ နင်တို့လို တပည့်ရင်းတွေတောင်မှ အကြောင်းမရှိပဲ ဒီနေရာကို မနှောင့်ယှက်ရဲကြပါဘူး။

တာအိုဘုန်းတော်ကြီးကျောင်းအတွင်းမှာတော့..

ရွှီးဖူတိလည်း အမြင့်က ၀တ်ပြုထိုင်ဖုံထက်မှာ ကြာပန်းသဏ္ဌာန် ထိုင်လိုက်ပြီလေ။

နင်လည်း ဦးညွတ်ပြီး ဂါရ၀ ပြုလိုက်ပါတယ်။
“ဆရာ့ကြောင့်သာ မဟုတ်ဘူးဆိုရင်..တပည့်အနေနဲ့ လောကသုံးပါးကို ဘယ်တော့မှ ပြန်ရောက်လာတော့မှာ မဟုတ်ပါဘူးခင်ဗျာ။ ဆရာ့ကိုစိတ်ပူစေခဲ့မိပြီး ဒုက္ခပေးခဲ့မိတဲ့အတွက်လည်း တပည့် အရမ်းကို ရှက်ရွံ့မိပါတယ် ခင်ဗျာ..။”

ရွှီးဖူတိလည်း ရယ်မောလိုက်ပြီးတော့
“ထိုင်ချေ.. ”

နင်လည်း ၀တ်ပြုထိုင်ဖုံတစ်ခုကို ရွေးချယ်ပြီး ကြာပန်းသဏ္ဌာန် ထိုင်ချလိုက်ပြီလေ။

“ကမ္မအကုသိုလ် အပြစ်သားမီးလျှံတွေက အရသာကောင်းရဲ့လား..။”
ရွှီးဖူတိ မေးလိုက်ပါတယ်။

“ကျွန်တော့်အတွက်တော့ တစ်ကြိမ်ဆိုလုံလောက်ပါပြီ။”
နင်ဆက်ပြောလိုက်ပါတယ်။
“ကမ္မအကုသိုလ်အပြစ်သား မီးလျှံတွေက ကျွန်တော့်ကို အမြဲတမ်းလောင်ကျွမ်းနေတာ့မှာလေ။ လောင်ကျွမ်းခံရတဲ့ ဝေဒနာက တော်တော်ကြီးကိုဆိုးပေမဲ့လည်း.. ကျွန်တော်တောင့်ခံနိုင်ပါတယ်။ ကမ္မအကုသိုလ်အပြစ်သား မီးလျှံတွေဆင်းသက်လာတာက ကပ်ဘေးဆိုပေမဲ့လည်း ကျွန်တော့်အတွက် အကျိုးအမြတ်တော့ ရခဲ့သေးတယ်လေ။”

Book 21 - 30Where stories live. Discover now