Book 24 Chp 15

43 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 15 (အောင်မြင်သော အစီအစဉ်တစ်ခု)

ပဉ္စမမြောက် ကမ္ဘာ.. ဆိတ်ငြိမ်ခန်းထဲ၀ယ်… အမွှေးတိုင်နံ့ သင်းပျံ့နေလို့ပါ။ အဇူရာ၀တ်စုံ၀တ် ကောင်မလေးလည်း မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး နိုးထလာခဲ့ပါပြီ။

“နတ်ဘုရားဘုရင်က စစ်တုရင်ရုပ်လေး ယုဝေကို အသုံးပြုတော့မယ်လား…။”
အဇူရာ မြေခွေးလည်း သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။ သူမလည်း  ဆက်သွယ်ဖို့ ကြိုးစားလိုက်ပေမဲ့…
“အဲ… ယုဝေက မအိပ်ပျော်သေးပါလား..။”

စစ်တုရင်ရုပ်လေးအားလုံးကို သေရေးရှင်ရေး ကိစ္စကြုံနေတာကလွဲလို့ အနည်းဆုံး သုံးရက်တစ်ကြိမ် အိပ်စက်ရမယ်လို့ အမိန့်ထုတ်ထားတယ်လေ။

ဒီတော့မှသာ အိပ်စက်နေတဲ့ စစ်တုရင်ရုပ်လေးတွေကို တိတ်တဆိတ် ဆက်သွယ်နိုင်မှာပါ။ ဒီလို ဆက်သွယ်မှု နည်းလမ်းဟာ အလွန်ကို ဆန်းကျယ်သလို အစစ်အမှန် နတ်ဘုရားကြီးတွေ တာအိုဖခင်ကြီးတွေတောင်မှ ဘယ်လိုနည်းနဲ့မှ မသိနိုင်ဘူးလေ။ တခြား ဆက်သွယ်မှု နည်းတွေဆိုရင် ရှာတွေ့ကောင်းရှာတွေ့သွားနိုင်သေးတယ်။ ရှာတွေ့သွားတယ်ဆိုရင် စစ်တုရင်ရုပ်လေးတွေအနေနဲ့ ဘယ်လိုမှ ပုန်းအောင်းနေနိုင်တော့မှာ မဟုတ်ဘူးလေ။

“မအိပ်သေးဘူး…။”

အဇူရာမြေခွေးလည်း တစ်ချက်စဉ်းစားလိုက်ပါတယ်။
“လောဖို့တော့ မလိုပါဘူး။ သူမအနေနဲ့ ဒီသုံးရက်အတွင်း တစ်ကြိမ် အိပ်ဦးမှာပါ..။ ဟင်းဟင်း… ဂျိနင်အနေနဲ့ တာအိုလက်တွဲဖော်ရဲ့ အစီအစဉ်ကို ဘယ်လိုနည်းနဲ့မှ ကာကွယ်နိုင်မှာ မဟုတ်တာတော့ သေချာတယ်။ ပဉ္စမမြောက် ကမ္ဘာကို တည်နေရာရွှေ့ပြောင်းပို့ဆောင်ခြင်းနဲ့ ရောက်လာရင်တော့ သေလူလို့သာ မှတ်ထားလိုက်တော့..။ ဟင်း ဟင်း…။”

အဇူရာမြေခွေးရဲ့ မျက်လုံးတွေ ရုတ်တရက်ဆိုသလို တောက်ပလို့ လာခဲ့ပါပြီ။
“ဂျိနင်မသေခင်တော့.. သူ့ကို အသုံးချရဦးမယ်။”
အဇူရာမြေခွေးလည်း ရယ်မောလိုက်ပါတော့တယ်။
“မီးလျှံငယ်ကလန်ကို ငါတို့နဲ့ပူးပေါင်းလာအောင် သူ့ကို အသုံးချရဦးမယ်။”

Book 21 - 30Where stories live. Discover now