Book 26 Chp 20

42 1 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 26 
Chapter 20 (စစ်ပွဲကြီး စတင်ခြင်း)

“မင်းရဲ့ စစ်စခန်းကို အင်မော်တယ်တွေ ငါလွှတ်ပေးလိုက်မယ်။ မင်းအနေနဲ့ ကောင်းကင်အင်မော်တယ် သုံးထောင်၊ လွတ်မြောက်အင်မော်တယ် သုံးသိန်းနဲ့ ပြန်ပြီး လေ့ကျင့်ကြည့်ဖိုအပ်လိမ့်မယ်လေ။ မင်းရဲ့ ကောင်းကင်ဘုံကို အပြစ်ပေးသူရဲ့ အင်အားတွေက အများကြီးကို တိုးတက်လာမှာ အမှန်ပဲ..။ စစ်ပွဲရဲ့ အရေးကြီးတဲ့ အချိန်ကိုရောက်ရင်.. ငါတို့အသက်ရှင်ဖို့ မင်းကိုပဲ အားကိုးရမှာ..။”
ရှအင်ပါရီယာပြည့်ရှင်လည်း ရယ်မောလိုက်ပါတော့တယ်။
“ဒါပေမဲ့ မင်းသတိထားဖို့ လိုအပ်လိမ့်မယ်။ သစ်တောထဲက အကောင်းဆုံး သစ်ပင်ဟာ အရင်ဆုံးခုတ်လှဲခံရတာ ဓမ္မတာပဲလေ။ မင်းအနေနဲ့ အက်ကြောင်းမဲ့ဂိတ်ရဲ့ အပြင်းအထန်ကို တိုက်ခိုက်မှုကို ခံရလိမ့်မယ်။”

“နားလည်ပါတယ်ခင်ဗျာ..။”
နင်လည်း ခေါင်းညိတ်လိုက်ပါတော့တယ်။

“ပြောရရင်.. မင်းအနေနဲ့ အစွမ်းကို လျှို့ဝှက်ထားလိုက်တာ ပိုကောင်းလိမ့်မယ်။ တကယ့် တိုက်ပွဲရဲ့ အရေးအကြီးဆုံး အချိန်မှာ အစွမ်းပြလိုက်မယ်ဆိုရင်.. စစ်ပွဲရဲ့ စီးဆင်းမှုတွေ လုံး၀ကို ပြောင်းလဲသွားဖို့အထိ အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်လေ။”
ရှအင်ပါရီယာ ပြည့်ရှင်လည်း ထပ်ပြီးသတိပေးလိုက်ပါတယ်။

“ဟုတ်ကဲ့ပါခင်ဗျာ..”
နင်လည်း ပြုံးရွှင်စွာနဲ့ ခေါင်းညိတ်လိုက်ပါတော့တယ်။

သူ့အနေနဲ့ သန့်စင်သောယန် အင်မော်တယ် ဖြစ်လာတယ်ဆိုတာကို သူ့ဆရာရွှီးဖူတိကိုတောင် မပြောပြရသေးဘူးလေ။ အခုဆို ခြေသုံးလှမ်း ဓားသိုင်း ဆယ့်နှစ်ကွက်မြောက်ဓားကွက်ကိုပါ သူတီထွင်ပြီးခဲ့ပါပြီ။ ဒီဓားသိုင်းကတော့ ဓားတာအိုတစ်ခုလုံးကို ပြန်ပြီး အကျဉ်းချုံးထားတာပါ။ ဒါပေမဲ့လည်း ဒီပညာရပ်ကို တီထွင်ထားကြောင်း သူတစ်ခါမှ ထုတ်မပြောခဲ့သလို .. တစ်ခါမှလည်း ထုတ်မသုံးခဲ့ရသေးဘူးလေ။

အချိန်တွေ ဆက်ပြီးတော့ စီးဆင်းလို့ လာခဲ့ပါပြီ…။

Book 21 - 30Where stories live. Discover now