Book 26 Chp 1

45 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 26 
Chapter 1 (တပ်ဆုတ်ခြင်း)

အင်မော်တယ်တွေကို သတ်ဖို့အတွက် ဂျိနင်တွေဝေမနေခဲံ့ပါဘူး။ ဘယ်သူ့ကိုမှ သူချမ်းသာမပေးခဲ့ဘူးလေ။ ရန်သူကို ချမ်းသာပေးလိုက်ရင် သူကာကွယ်ပေးချင်သူတွေ အသတ်ခံရမှာပေါ့..။

၀ုန်း ဝုန်း

လက်ဝါးကြီးဟာ ဆက်ပြီးတော့ ဆက်တိုက်ကို ကျဆင်းလာခဲ့ပါပြီ။ အင်မော်တယ်တွေအားလုံးလည်း သွေးပျက်ခြောက်ခြားနေလို့ပါ။ တချို့ဆို ဒေါသတကြီး အော်ဟစ်ဆဲဆိုနေကြပြီလေ။ ဒါပေမဲ့ ဒီမုန်တိုင်းကြီးထဲမှာတော့ .. သူတို့တွေ ဟာ ပုရွက်ဆိတ်လေးတစ်ကောင်ထက် မပိုခဲ့ကြပါဘူး။ ပြောရရင် ဒီမုန်တိုင်းကြီးထဲမှာ လွတ်မြောက်အင်မော်တယ်တွေအနေနဲ့ တခြားသူတွေထက် ပိုပြီးတော့ ဘ၀ပျက်သွားနိုင်ပါတယ်။

“ရပ်စမ်း..”

“ဟိတ်..ရပ်စမ်း”

မျက်နှာဖြူရေနဂါးကြီးနှစ်ကောင်နဲ့ အင်းဆက်သတ္တဝါဆန်းကြီး ကိုးကောင်ဟာ နင်ဆီကို ပြေး၀င်လာနေခဲ့ပါပြီ။

နင်လည်း အင်းဆက် သတ္တဝါဆန်းကြီးတွေကို မှိတ်မိလိုက်ပါတယ်။
“အင်ပါရီယာ နတ်ဘုရားဂိုလမ်ကြီးတွေ..(ဂိုလမ်= ကျောက်ဘီလူး၊ စက်ရုပ်)”

ဒီအသစ်ရောက်သူတွေက ဖင်းဂေါ့၀င်္ကပါကြီးတွေထက်တော့ နည်းနည်းပိုပြီးအားနည်းပါတယ်။ သူတို့ကို နင်မှတ်မိနေရတဲ့ အကြောင်းအရင်းကတော့ အက်ကြောင်းမဲ့ဂိတ်က သူ့ကိုလာပြီးလုပ်ကြံသတ်ဖြတ်တဲ့အချိန်မှာ ယွမ်အဖိုးအိုက လူသတ်သမား အားလုံးကို သတ်ခဲ့ပြီးတော့ ရတနာတွေလက်ဆောင်ပေးခဲ့တယ်လေ။ ဒီရတနာတွေထဲမှာတော့.. ဒီ အင်ပါ၇ီယာ နတ်ဘုရားဂိုလမ်နဲ့ တော်တော်ဆင်တူတဲ့  ဂိုလမ်တစ်ကောင်ပါ၀င်ခဲ့တယ်လေ။

“ဒက်နော့ .. တော်တယ်။”

“ကောင်းတယ်။”

“ကောင်းတယ်။”

“ဟားဟားဟား.. အားလုံးကို သတ်ပစ်လိုက်တော့..။”

ကျန်တဲ့ကောင်းကင်ဘုံကို အပြစ်ပေးသူ ခုနစ်ဦးဟာလည်း နင်နဲ့ ပူးပေါင်းပါ၀င်လာခဲ့ပြီလေ။ သူတို့တွေ ၀မ်းသာတာကိုလည်း အပြစ်မဆိုသာပါဘူး။ အက်ကြောင်းမဲ့ဂိတ်က ကောင်းကင်ဘုံကို အပြစ်ပေးသူ လိုချီကို သတ်ဖြတ်လိုက်တယ်။ နင်ကလည်း ချက်ချင်းဆိုသလိုပဲ မျက်နှာဖြူရေနဂါးကြီးတစ်ကောင်ကို သတ်လိုက်နိုင်ခဲ့ပါတယ်။ တခြားကောင်းကင်ဘုံကို အပြစ်ပေးသူတွေဟာလည်း လိုချီရဲ့ ၀င်္ကပါ ပျက်စီးသွားတဲ့အတွက် အရမ်းကို ဒေါသတွေ ထွက်နေခဲ့ပြီလေ။ နင်က သတ္တဝါရိုင်းကြီးကို ချက်ချင်းပဲ သတ်ဖြတ်လိုက်နိုင်ခဲ့တဲ့အခါမှာတော့.. ဘယ်သူက ၀မ်းမသာပဲ ရှိနေနိုင်ပါတော့မလဲ..။

Book 21 - 30Where stories live. Discover now