Chp 604 ( ဓားသိုင်းစတင်အောင်မြင်လာခြင်း)

34 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 30
Chapter 604 (ဓားသိုင်းစတင် အောင်မြင်လာခြင်း)

ဆံပင်စိမ်းနဲ့ လူကြီးက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီးတော့ မျက်လုံးကို ပြန်မှိတ်လိုက်ပါတော့တယ်။ တောင်ထိပ်မှာပဲ မလှုပ်မယှက် ဆက်ပြီးတော့ သူထိုင်နေလို့ပါ။ နင်ကို ရှိနေတယ်လို့တောင် သူမထင်ထားတော့ပါဘူး။

“ဒီလိုဆိုတော့လည်း.. ငါ့အနေနဲ့ တိုက်ခိုက်ရုံပေါ့…”
နင်လည်း ခေါင်းကို ခါယမ်းလိုက်ပြီးတော့ လက်ကို ဝှေ့ယမ်းလိုက်ပါတော့တယ်။ ဓားအလင်းတစ်ချက်ကောင်းကင်ထက် လက်သွားခဲ့ပြီးတော့ ဓားအမာရွတ်တစ်ခု ထင်ကျန်ရစ်ခဲ့ပါပြီ။ ဒီ ဓားချက်က ရိုးရှင်းပေမဲ့လည်း.. နင်က စတုတ္ထအဆင့် နှလုံးသားအင်အားကို ဖြည့်ထားခဲ့တယ်လေ။

ချက်ချင်းဆိုသလိုပဲ ဓားအလင်းဟာ ကီလိုမီတာ ရာပေါင်းများစွာကို ကျော်ဖြတ်ပြီးတော့ ဆံပင်စိမ်းနဲ့လူကြီးကို ထိမှန်သွားခဲ့ပါပြီ။

ခလွမ်

မှော်ရတနာတစ်ခုကို ခုတ်လိုက်ရတဲ့အလား…. အသံတစ်ချက် မြည်သွားခဲ့ပါတယ်။ လူကြီးကတော့ နည်းနည်းလေးတောင် နေရာမယွင်းခဲ့ပါဘူး။ သူ့မျက်လုံးကို ပြန်ဖွင့်လိုက်ပြီးတော့ နင်ကို လှောင်ပြုံးပြုံးပြလိုက်ပါတယ်။
“ဒါလောက်ပဲ မင်းတတ်နိုင်တာလား… ငါ ဒီမှာ ထိုင်နေတာကိုတောင် မင်းက ဒဏ်ရာရအောင် မလုပ်နိုင်မှတော့.. လုပ်မနေနဲ့.. သွားပေတော့…”

“အိုး..”
နင်လည်း ခေါင်းကို ခါယမ်းလိုက်ပြီး ရယ်မောလိုက်ပါတော့တယ်။
“ဓားချက်ရဲ့ အင်အားက သိပ်ပြီး မပြင်းထန်လှပေမဲ့လည်း.. မင်းအနေနဲ့ ခုခံမှု မပြုခဲ့ရင် နောက်ကို လွင့်သွားမှာပဲလေ။ ဒီအတွက် မင်းရဲ့ နတ်ဘုရားစွမ်းအင်ကို နည်းနည်းလေးမှတောင် အသုံးမပြုရဘူးပေါ့လေ။ ဟုတ်လား…”

သူ့ရဲ့ ဓားချက် ဘယ်လောက်တောင် အင်အားပြင်းထန်လည်းဆိုတာကို နင်ကိုယ်တိုင် နားလည်ထားပြီးသားပါ။ ဒီဓားချက်ကြောင့် သူ့ရဲ့ အတ်ိတ်ဘ၀က ကမ္ဘာမြေဟာ ပြာမှုန်ဖြစ်သွားပါလိမ့်မယ်။ သူ့ရဲ့ ရန်သူရဲ့ ခန္ဓာကိုယ်ဟာလည်း မှော်ရတနာကို မာကျောနေတယ်ဆိုရင်တောင်မှ.. နောက်ကို လွင့်စဉ်သွားရမှာပါ။

Book 21 - 30Where stories live. Discover now