Chp 613 ( တုန်လှုပ်သွားခြင်း)

33 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 30
Chapter 613 (တုန်လှုပ်သွားခြင်း)

စကြ၀ဠာ လှေပျံထက်မှာ နင်ထိုင်လို့နေပါတယ်။ လှေပျံဟာ ကမ္ဘာဦး ပျက်စီးခြင်း စကြ၀ဠာထဲက ကျောက်စာချပ်ပြီး ဝှက်ထားတဲ့ ရေခဲ ကြယ်တာရာကြီးဆီ ရောက်ရှိလာခဲ့ပါပြီ။

ရွှစ်

မိုးကြိုးနက် မြွေနဂါးဟာ ရုတ်တရက်ပေါ်ထွက်လာခဲ့ပြီး စကြ၀ဠာ လှေပျံကို ရစ်ခွေလို့ ထားလိုက်ပါတော့တယ်။ မျက်စိတမှိတ် အချိန်အတွင်းမှာပဲ.. ကီလိုမိတာ သန်းပေါင်းများစွာက ရေခဲပြင်ကြီးဆီကို ရောက်ရှိသွားခဲ့ပါပြီ။ နင်လည်း စကြ၀ဠာ လှေပျံကို သိမ်းဆည်းလိုက်ပြီးတော့ ရေခဲပြင်ထက် ဆင်းသက်ပြီလေ။ မြေပြင်ကို သူငုံ့ကြည့်လိုက်ပြီး
“ထွက်လာခဲ့…”

အလင်းတန်း သုံးခုဟာ ရေခဲပြင်ထဲကနေ ထွက်ပေါ်လာခဲ့ပါပြီး နင်ဆီကို ပျံသန်းလာခဲ့ပါပြီ။ ဒါတွေကတော့ နတ်ဘုရား ဓား သုံးချောင်းပါ။

“ဆရာ…”

“ဆရာ့ကို ဂါရ၀ ပြုပါတယ်။”

“ဆရာ.. ကျွန်တော်တို့ကို တိုက်ပွဲ၀င်ခိုင်းတော့မှာ မလား…”

၀တ်စုံနက်၀တ် ကလေးငယ်လေး သုံးဦးဟာ ဓားသုံးချောင်းထက်မှာ ပေါ်လာခဲ့ပါပြီ။ သူတို့က လေးငါးနှစ်လောက် ရှိပါလ်ိမ့်ဦးမယ်။ တစ်ဦးစီဟာလည်း အရမ်းကို ချစ်စရာကောင်းတဲ့အပြင် အသံစာစာလေးတွေနဲ့ ပြောလာခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ ၀တ်ဆင်ထားတဲ့ ၀တ်စုံနက်ဟာ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အော်ရာအရှိန်အဝါတွေ ဖြာထွက်နေခဲ့တယ်လေ။ ဒါပေမဲ့ သူတို့ရဲ့ စကားလုံးတွေဟာ အလွန်ကို အသက်ပါနေလို့ပါ။

နင်လည်း ပြုံးလိုက်ပါတယ်။

ဒီဓားတွေက ဒက်နော့ ဓားတွေပဲလေ။ ဒက်နော့ဓားတွေကို အကျဉ်းထောင် ကမ္ဘာထဲမှာပဲ တစ်ချိန်လုံး သူထားရစ်ခဲ့တာပါ။ အကျဉ်းထောင် ကမ္ဘာထဲမှာပဲ ဂြိုဟ်သား အပြင်လူ တော်တော်များများဟာ နင်ရဲ့ လက်အောက်မှာ ကျဆုံးခဲ့ရတယ်လေ။ လောကသုံးပါးထဲက တာအိုဖခင်ကြီးနဲ့ အဆင့်ခြင်းတူတဲ့ အစစ်အမှန် အင်မော်တယ်တောင် သေဆုံးသွားခဲ့ရတာဆိုတော့…. သူတို့သေဆုံးခြင်းကြောင့် ရရှိလာခဲ့တဲ့ ရက်စက်ခြင်း အော်ရာအရှိန်အဝါဟာ အံ့မခန်းများပြားလွန်းပါတယ်။ အပြစ်သား လက်နက်ကျင့်စဉ်ကို ဒီ ဒက်နော့ဓားတွေဆီ အသုံးပြုထားလိုက်တယ်လေ။ ဒီမှာပဲ ဓားသုံးချောင်းလုံးဟာ သန့်စင်သောယန် အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားခဲ့ပြီး မူလကြယ်တာရာ ဝိညာဉ်မှော်၇တနာ ဖြစ်လို့သွားပါတော့တယ်။

Book 21 - 30Where stories live. Discover now