Book 24 Chp 2

46 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 2 (ဂျိနင် အသက်ရှင်နေသေးတယ်!!)

အဖြူအနက်ကောလိပ်ရဲ့ တောင်ကြီးတွေထိပ်မှာတော့ တပည့်ရင်းတွေရဲ့ အိမ်တော်တွေ ရှိတတ်ကြပါတယ်။

အဖြူအနက်ကောလိပ်ရဲ့ နာမည်မဲ့ တောင်ထိပ်တစ်ခု အထက်မှာ..

ကောင်းကင်ထက်မှာတော့ လခြမ်းကွေးလေး တွဲလွဲခိုလို့နေပါတယ်။ ဂျိနင်နဲ့ ယုဝေအပေါ်ကို မှုန်ဝါးဝါးလရောင်က ဖြာကျနေလို့ပါ။ နင်ကော ယုဝေကော အခုတော့ တစ်ယောက်လက်ကို တစ်ယောက်ဆွဲပြီး သာမန်လူသားတွေအတိုင်းတောင်ထိပ်မှာ လမ်းလျှောက်နေကြတယ်လေ။

“သာယာလိုက်တာ..”
ယုဝေတီးတိုးပြောလိုက်ပါတယ်။

“အင်း..”
နင်လည်း ယုဝေကို ကြည့်နေတယ်လေ။

ယုဝေက နင်ကိုပြုံးပြီးတော့ ကြည့်လိုက်ပါတယ်။ သူမက အမြဲတမ်းကို လှပနေတဲ့ အင်မော်တယ် နတ်မိမယ်လေ။ ပြိုင်စံရှားတဲ့ အလှပဂေးပါ။ သူမရဲ့ အနက်ရှိုင်းဆုံး နှလုံးသားထဲက လာတဲ့ အပြုံးကြောင့်.. နင်အရမ်းကို ရစ်မူးသွားပြီလေ။ ယုဝေ ပြောလိုက်ပါတယ်။
“ဒီနှစ်တွေထဲမှာ.. အစ်မလည်း တကယ်ကိုစိတ်မချမ်းသာခဲ့ဘူးကွယ်။ အခု မောင်လေးရဲ့လက်ကို ကိုင်ထားရပြီဆိုတော့ .. အစ်မ စိတ်အေးချမ်းသွားပါပြီ။ အစ်မ ဘာကိုမှ မစိုးရိမ်တော့ပါဘူး။”

“ကျွန်တော် လောကြီးသွားခဲ့လို့ပါ။”
နင်လည်း အပြစ်ရှိနေသလို ခံစားနေရပါတယ်။ နောက်ဆုံးအကြိမ်တုန်းက မီးလျှံငယ်ကလန်ကို ရင်ဆိုင်တာမှာ တော်တော်လေး လောကြီးသွားခဲ့မိတယ်လေ။

“မောင်လေးရဲ့ အမှားမဟုတ်ပါဘူးကွယ်။ သူ့တို့မှာ မူလကြယ်တာရာဝိညာဉ်မှော်ရတနာဖြစ်တဲ့ ကမ္ဘာတည်စေတီကြီး ရှိနေမယ်လို့ ဘယ်သူက ထင်မိမှာလဲ..။ ဒါက အရမ်းကို ဖြစ်ခဲတဲ့ကိစ္စလေ။ ကောင်းကင်အင်မော်တယ်တွေဆီမှာ ဒီရတနာ ရှိနေတယ်ဆိုတာ တကယ့်ကို ကြုံတောင့်ကြုံခဲပါ။ သူတို့မှာ ရှိနေရင်တောင်မှ အစစ်အမှန် တည်ရှိမှုကို ဖျက်ဆီးပြီးတော့ သီးခြားနယ်မြေတစ်ခုကို ပို့ဆောင်နိုင်တဲ့ မှော်ရတနာမျိုးဆိုရင် ပိုပြီးတော့တောင် ရှားပါသေးတယ်လေ။”

Book 21 - 30Where stories live. Discover now