Book 27 Chp 3

43 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 27
Chapter 3 (ထာ၀ရ စိမ်းလန်းခြင်းရဲ့ သရုပ်မှန်)

နဂါးရှစ်ကောင် တိမ်တိုက်မြို့တော်… ပင်မ နန်းဆောင်။

တာအိုဖခင်ကြီးသွေးနီလည်း ရာဇပလ္လင်ထက်မှာ ထိုင်လို့နေပါတယ်။ အောက်တစ်ဆင့်မှာတော့ အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေ နဲ့ ကွန်မန်ဒါ ဂျိနင်တို့တွေ ရှိနေကြတယ်လေ။

“တာအိုဖခင်ကြီး ဝါးမှင်ကော ငါကော ကိုယ့်ဘက် သူ့ဘက် လေ့လာပြီးကြပြီ။”
တာအိုဖခင်ကြီးသွေးနီက သူ့ရဲ့ အဖွဲ့သားတွေကို ကြည့်လိုက်ပါတယ်။
“နှစ်ဖက်လုံးရဲ့ အားသာချက်ကို လေ့လာပြီး အားနည်းချက်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်ဖို့ ကြိုးစားခဲ့ကြတယ်။ အက်ကြောင်းမဲ့ဂိတ်ရဲ့ အဓိက အားသာချက်က သူတို့ရဲ့ သတင်းအချက်အလက် ကွန်ရက်ပဲ။ ဒါကြောင့်လည်း ငါတို့အကြောင်းကို သူတို့ အလွယ်တကူ သိနိုင်ခဲ့တာ။ လောကသုံးပါး တခွင်ဖြစ်ပေါ်ခဲ့ပြီးတဲ့ လောကစစ်ပွဲတွေမှာဆိုရင်… အက်ကြောင်းမဲ့ဂိတ်ကပဲ ငါတို့ရဲ့ အရေးကြီးတဲ့ နေရာတွေကို အရင်ဆုံး တိုက်ခိုက်နိုင်ခဲ့ကြတယ်လေ။ ဒါကြောင့် .. မင်းတို့ကို သတိပေးထားတာ။ စစ်ပွဲတွေ များများ ရင်ဆိုင်လာခဲ့လေလေ အက်ကြောင်းမဲ့ဂိတ်ရဲ့ ရေကုန်ရေခန်းတိုက်ခိုက်မှုကို ကြုံတွေ့ဖို့ ရာခိုင်နှုန်း ပိုများလာလေလေဖြစ်လိမ့်မယ်။ ဒါကြောင့် မင်းတို့အနေနဲ့ အမြဲတမ်း သတိရှိနေဖို့ လိုအပ်တယ်။”

“ဆရာ… ”
တော်၀င်ရှ အင်ပါရီယာ ပြည့်ရှင်က စိတ်ပူပင်စွာ ပြောလိုက်ပါတယ်။
“အမြဲတမ်း သတိရှိနေရုံနဲ့တော့ အနိုင်ရဖို့ မလွယ်လောက်ဘူးဆရာ။ ကျွန်တော်တို့တွေ ဘယ်အချိန်ကျရင် အင်အားကုန် ထုတ်သုံးပြီး တိုက်ခိုက်ဖြစ်မလဲ ခင်ဗျ။”

တာအိုဖခင်ကြီး သွေးနီလည်း ခေါင်းည်ိတ်လိုက်ပြီးတော့
“မင်းဘာကို ပြောချင်တာလည်းဆိုတာ ငါနားလည်တယ်။ ဒါပေမဲ့ အက်ကြောင်းမဲ့ဂိတ်မှာ နောက်ထပ် လျှို့ဝှက်ထားတဲ့ အင်အားစုတွေ ရှိနေသေးတယ်လို့ ငါခံစားမိတယ်။ ဒါကြောင့် ငါ့ရဲ့ အင်အားစု အချို့ကိုလည်း အလားတူ ရင်ဆိုင်ဖို့ ပြင်ဆင်ထားရတာလေ။ မဟုတ်ဘူးဆိုရင်.. ငါတို့တွေ အင်အားကုန်ထုတ်သုံးပြီးတိုက်ခိုက်လိုက်တာနဲ့ အက်ကြောင်းမဲ့ဂိတ်ရဲ့ ထောင်ချောက်ထဲ ကျရောက်ပြီး တန်ပြန်တိုက်စစ်ဆင်ခံရလိမ့်မယ်။ ဒါဆို ငါတို့အကြီးအကျယ်ရှုံးနိမ့်မှု ရင်ဆိုင်သွားရမှာ။”

Book 21 - 30Where stories live. Discover now