Chp 609 ( ဦးချိုကိုးချောင်း မိုးကြိုးမြွေနဂါး)

39 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 30
Chapter 600 (ဦးချိုကိုးချောင်း မိုးကြိုးမြွေနဂါး)

အချိန်တော်တော်ကြာ ၀မ်းသာ ပျော်ရွှင်ပြီးတဲ့အခါမှာတော့.. ဒီကျင့်စဉ်ကို သူဘယ်လိုလေ့ကျင့်ရမယ်ဆိုတာ နင်တွေးတော စဉ်းစားနေမိပါတယ်။

ဒီကျင့်စဉ်ဟာ ပန်ဂဲ ပျက်စီးခြင်း နိုင်ငံတော်မှာတောင်မှ တကယ့်ကို ပထမတန်းစား ကျင့်စဉ်ဖြစ်မှာ အသေအချာပါ…. အမြန်ဆုံးသော အကန့်အသတ်ကို ရောက်ရှိသွားပါလိမ့်မယ်။ ဒီလောက်အထိ အစွမ်းထက်တဲ့ ကျင့်စဉ်ရဲ့ အခြေခံအဆင့်ကို အောင်မြင်ဖို့ ပေးဆပ်ရမဲ့ တန်ရာတန်ကြေးကလည်း အရမ်းကို မြင့်မားမှာ အသေအချာပါ။

ပထမဆုံး လိုအပ်တာကတော့… မိုးကြိုးမြွေနဂါး စိတ်ကြိုက်ကူးခတ်ပြီး ဒဏ်ရာမရနိုင်တဲ့ နတ်ဘုရားခန္ဓာကိုယ်အဖြစ် ပြောင်းလဲလိုက်ရမှာပါ။

ဒါကလည်း အရမ်းကို ခက်ခဲလွန်းပါတယ်။

ရွှေရောင်နေအလင်းမှာလည်း စိတ်နှလုံးသား နိုးထလာပြီဖြစ်တဲ့ ရွှေရောင်နေမီးလျှံကို အသုံးပြုဖို့ လိုအပ်နေတယ်။ ရွှေရောင်နေမီးလျှံဟာ တခြားအစစ်အမှန် မီးလျှံ ကိုးပါးထက် ကျော်လွန်သွားတဲ့ မီးလျှံအမျိုးအစားပဲ… အစစ်အမှန် နတ်ဘုရားတွေ တာအိုဖခင်ကြီးတွေတောင်မှ.. သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဒီမီးလျှံကို သွားပြီး မထိရဲကြဘူး။ သူတို့တောင်မှ မန္တန်တွေ မှော်ရတနာတွေနဲ့ ဒါကို တားဆီးကြရတာ… မဟုတ်ဘူးဆိုရင် မီးလောင်တိုက်သွင်းခံရပြီး သေဆုံးကြရလိမ့်မယ်။ သာမန် လူသားတွေဟာ ပင်လယ်ထဲ ပြုတ်ကျသွားရင် နစ်မြုပ်သွားသလိုမျိုးပဲ.. ဒါပေမဲ့ ငါးကျတော့ လွယ်လွယ်ကူကူ ကူးခတ်နိုင်တယ်။ ဒီလိုပဲ.. ရွှေရောင်နေမီးလျှံထဲမှာ ရွှေကျီးကန်းတွေဟာ လွတ်လွတ်လပ်လပ် ကူးခတ်နိုင်ကြတယ်။ သူတို့တွေရဲ့ မွေးရာပါ အစွမ်းကြောင့် မီးလျှံဟာ သူတို့ကို မလောင်ကျွမ်းနိုင်ကြဘူး။ ဒါကြောင့်လည်း သူတို့ပဲ ဒီ ရွှေရောင်နေအလင်း ကျင့်စဉ်ကို ကျင့်နိုင်ကြတာ…

မလေ့ကျင့်ရသေးတဲ့ ရိုင်းနေသေးတဲ့ ဦးချိုကိုးချောင်း မိုးကြိုးမြွေနဂါးဟာ ရွှေရောင် နေမီးလျှံနဲ့ အဆင့်တူမှာ ရှိနေပါတယ်။

Book 21 - 30Tahanan ng mga kuwento. Tumuklas ngayon