Book 25 Chp 11

54 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 25 
Chapter 11 (ရှင်းတျန်း ကောင်းကင်ဘုံကို အပြစ်သေးသူ)

တော်၀င်ရှ ကမ္ဘာကြီး တစုတစည်းထဲ ဖြစ်သွားတဲ့အခါမှာတော့ အင်မော်တယ်တွေ နတ်ဘုရားတွေဟာ လာပြီး ဂါရဝြပုခဲ့ကြပါတယ်။ အဲဒီအချိန်က ဖင်းဂေါ့တွေနဲ့ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့တဲ့ စစ်ပွဲကြီးလေ။ အကျအဆုံးလည်း အလွန်များခဲ့ပါတယ်။ စစ်ပွဲကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကောင်းကင်အင်မော်တယ်တွေဟာ အလွန်ကို နည်းပါးခဲ့ပါပြီ။ အခုတော့ တော်၀င်ရှ ကမ္ဘာကြီးဟာ ခေတ်ကာလပေါင်းများစွားကို အေးချမ်းခဲ့ပြီးပြီဖြစ်တာကြောင့် အခုခေတ်ရဲ့ ကောင်းကင်အင်မော်တယ် အရေအတွက်ဟာ အလွန်ကို များပြားနေခဲ့ပြီလေ။

“ဒီကပ်ဘေးက ငါတို့တွေ ကျော်ဖြတ်ခဲ့ဖူးကြတဲ့ ကပ်ဘေးတွေနဲ့ မတူဘူး…။ နောက်ဆုံးမှာ ဘယ်နှယောက်များ အသက်ရှင်ကျန်ရစ်နိုင်ပါ့မလဲ..။”
ရှအင်ပါ၇ီယာပြည့်ရှင်လည်း ငုံ့ကြည့်ပြီးတော့ သက်ပြင်းချလိုက်မိပါတယ်။
“ငါတိုယ်တိုင်တောင် အသက်ရှင် ကျန်ရစ်ခဲ့ပါ့မလား..။”

“ထကြလော့…”
ရှအင်ပါရီယာပြည့်ရှင် အော်ပြောလိုက်ပါတယ်။
“ထိုင်ကျချေ.. ထိုင်ကျချေ..။”

ဂျိနင်တို့တွေလည်း ထိုင်ခုံမှာ ထိုင်လိုက်ကြပါပြီ။ အင်မော်တယ် အရက်တွေ သစ်သီး၀လံတွေက သူတို့အရှေ့မှာ တည်ခင်းဧည့်ခံထားတယ်လေ။ ဒါပေမဲ့ ဘယ်သူကမှ စားချင်သောက်ချင်စိတ် ရှိမနေကြပါဘူး။ အားလုံးပဲ ရှအင်ပါ၇ီယာပြည့်ရှင်ရဲ့ စကားကို စောင့်နေခဲ့ကြတယ်လေ။

“ဂိုဏ်းတူမောင်လေး.. ကြည့်စမ်း… တုံယန်ဘုံးဘေးကြီးက အစစ်အမှန် အင်မော်တယ် ငါးဦးထဲ ပါတယ်နော်..။”
ယုဝေက စိတ်နဲ့ ဆက်သွယ်ပြီးပြောလိုက်ပါတယ်။

“တုံယန် ဘိုးဘေးကြီး…”
နင်တုန်လှုပ်သွားခဲ့ပါတယ်။ သူလည်းမော့ကြည့်လိုက်မိပြီလေ။

အမှန်ပါပဲ..။ ငါးဦးအဖွဲ့မှာတော့ သာမန်၀တ်စုံပြာ၀တ်ဆင်ထားတဲ့ လူကြီးတစ်ဦးရှိလို့နေပါယ်။ သူကအသွင်သဏ္ဌာန် မထူးဆန်းပေမဲ့လည်း အစစ်အမှန် အင်မော်တယ်ရဲ့ အော်ရာအရှိန်အဝါတွေ ဖြာထွက်နေလို့ပါ။

Book 21 - 30Where stories live. Discover now