Book 25 Chp 13

42 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 25 
Chapter 13 (ပျက်စီးခြင်း ရွှေကျောက်တုံး)

ရှအင်ပါရီယာပြည့်ရှင်နဲ့ လွတ်မြောက်အင်မော်တယ်တွေဟာ မဟာတားမြစ် ၀င်္ကပါရဲ့ အပြင်ဘက်ကနေ ကြည့်လို့နေခဲ့ကြပါတယ်။

၀င်္ကပါအတွင်းမှာတော့… နာမည်ကျော်ကြားတဲ့ အင်မော်တယ် မြောက်ပိုင်း ကြယ်တာရာဟာ ကြယ်တာရာ တာအို၀တ်စုံကို ၀တ်လျက် ကောင်းကင်အင်မော်တယ် တစ်ထောင်နဲ့ လွတ်မြောက်အင်မော်တယ် တစ်သိန်းကို စကားပြောလိုက်ပါတယ်။
“တာအိုရောင်ရင်းတို့ကို ဒုက္ခတော့ နည်းနည်းပေးပါရစေ…။ ၀င်္ကပါကို ပြင်ဆင်လိုက်ကြတော့..။”

ရွှစ် ရွှစ် ရွှစ်

ကောင်းကင်အင်မော်တယ် တစ်ထောင်နဲ့ လွတ်မြောက်အင်မော်တယ် တစ်သိန်းဟာလေထဲကို ပျံတက်သွားခဲ့ပါပြီ။ ရှအင်ပါရီယာပြည့်ရှင်က နေရာချပေးကတည်းကကို မဟာ၀င်္ကပါရဲ့ အစီအစဉ်တကျအတိုင်း နေရာချထားပေးခဲ့တာပါ။ ဒါကြောင့် တော်တော်လေးကို  လွယ်ကူနေပါပြီ။ ကောင်းကင်အင်မော်တယ် တစ်ဦးစီဟာ လွတ်မြောက်အင်မော်တယ် အယောက်တစ်ရာကို ထိန်းချုပ်ပြီးတော့ ညွှန်ကြားနိုင်တယ်လေ။ ပြီးတော့ ဒီကောင်းကင်အင်မော်တယ် တစ်ထောင်ကမှ အင်မော်တယ် မြောက်ပိုင်းကြယ်တာရာရဲ့ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်တာပါ..။ ဒါကြောင့်လည်း ကောင်းကင်ဘုံကို အပြစ်ပေးသူ ၀င်္ကပါဟာ တော်တော်လေးကို တည်ငြိမ်နေခဲ့ပါပြီ။

အင်မော်တယ်တွေအားလုံးဟာ လေထဲမှာ ရှိနေကြပါပြီ။ သူတို့ခန္ဓာကိုယ်ကနေ သွေးရောင်မှော်သင်္ကေတတွေ ထွက်ပေါ်လာခဲ့ပြီးတော့ အံ့မခန်း အော်ရာအရှိန်အဝါ ဖြာထွက်လာခဲ့ပါပြီ။

၀ုန်း

သွေးရောင်အော်ရာဟာ မဟာတားမြစ်ပိတ်ဆို့ ၀င်္ကထဲ ပေါက်ကွဲဖြာထွက်လာခဲ့ပေမဲ့လည်း ၀င်္ကပါဟာ ဘာမှ မဖြစ်ခဲ့ပါဘူး။

သွေးရောင်မှော်သင်္ကေတပေါင်းများစွာဟာ စတင်ပြီးတော့ ပေါင်းစည်းလာပြီး အနီရင့်ရောင်အဖြစ် ပြောင်းလဲလာခဲ့ပါပြီ။

ဒီမှာပဲ ကမ္ဘာလောကရဲ့ အရောင်အသွေးတွေပါ စတင်ပြောင်းလဲသွားခဲ့ပြီလေ။

Book 21 - 30Where stories live. Discover now