Book 23 Chp 12

40 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23 
Chapter 12 (တော်၀င်ရှကမ္ဘာသို့ပြန်လာခြင်း)

ယုဝေရဲ့ မိစ္ဆာနှလုံးသား စမ်းသပ်စစ်ဆေးမှုဟာ အလွန်ကိုကြာရှည်ခဲ့ပါတယ်။ ဂိုဏ်းချုပ်ကြီးလူလည်း အနီးမှာရှိတဲ့ တောင်ထိပ်ထက်ကနေ အေးဆေးတည်ငြိမ်စွာပဲ မတ်တပ်ရပ်ကြည့်နေခဲ့တယ်လေ။

ရုတ်တရက်ဆိုသလို…

ကမ္ဘာတစ်ခွင်အသံမြည်ဟီးလာခဲ့ပြီလေ။ မိုးနဲ့မြေ ကို ကိုယ်စားပြုတဲ့ အသံပါ။ အရမ်းကို ဆန်းကြယ်သိမ်မွေ့ပြီးတော့ ရစ်မူးစေပါတယ်။ ဒီအင်မော်တယ် ဂီတသံ ထွက်ပေါ်လာသလိုပဲ ကောင်းကင်ထက်မှာ သက်တံရောင် တိမ်တိုက်တွေ ထွက်ပေါ်လာခဲ့ပါပြီ။ ကမ္ဘာမြေ တခွင်မှာတော့ ရွှေကြာပန်းတွေ ပြည့်နေခဲ့ပြီလေ။ ကမ္ဘာတစ်ခုလုံးရဲ့ အလယ်ဗဟိုဟာ ကြာပန်းသဏ္ဌာန်ထိုင်လို့နေတဲ့ ၀တ်စုံနက်၀တ် မိန်းကလေး ဖြစ်သွားတဲ့ အလားပါ။

ယုဝေမျက်လုံးပြန်ပွင့်နေခဲ့ပါပြီ။ နက်ရှိုင်းတဲ့ ဆွေးမြေ့ခြင်းနဲ့ ချစ်ခြင်းဟာ သူမရဲ့ မျက်၀န်းထဲပြည့်နေလို့ပါ။ ဒါပေမဲ့ သူမရဲ့ နှုတ်ခမ်းတွေကတော့ ပြုံးရောင်သန်းနေပါတယ်။

သဘာ၀ စွမ်းအင်တွေ သူမ၀န်းကျင်မှာ စုဝေးနေခဲ့ပြီလေ။ သူမရဲ့ ခန္ဓာကိုယ်ကနေ အင်မော်တယ် အရှိန်အဝါတွေ ထွက်ပေါ်လာနေခဲ့ပါပြီ။

“မိုးကောင်းကင်က တိမ်တိုက်တွေ ချီးမြင့်လိုက်တယ်။ ကမ္ဘာမြေကြီးကတော့ ကြာပန်းတွေ ပွင့်ပေးလိုက်ပြီ။”
ဂိုဏ်းချုပ်ကြီးလူက ပြုံးရွှင်စွာနဲ့ လက်ခုပ်တီးလိုက်တာပါ။
“အခုအချိန်က စပြီးတော့ တပည့်ကို ကပ်ဘေးသုံးပါးနဲ့ ပေးဆပ်ခြင်းကိုးပါးက ချည်နှောင်ထားခြင်း မရှိတော့ဘူး။ ကောင်းကင်အင်မော်တယ်… ကောင်းကင်အင်မော်တယ် ဖြစ်သွားပြီ။”

ယုဝေလည်း ဂိုဏ်းချုပ်ကြီးလူဆီကို ပျံသန်းသွားခဲ့ပါတယ်။

“တော်တယ်။”
ဂိုဏ်းချုပ်ကြီးလူ အလွန်ကို ကျေနပ်နေပြီလေ။
“ဒီကပ်ဘေးဟာ အင်မော်တယ်လမ်းစဉ်ရဲ့ အန္တရာယ်အများဆုံးသော ကပ်ဘေးပဲ။ တပည့်ကျော်ဖြတ်သွားနိုင်ခဲ့ပြီ။ တပည့်အနေနဲ့ ကောင်းကင်ဘုံကို ချက်ချင်းရောက်သွားရပြီလေ။ (တကယ်တော့ ဒါက ဘန်းစကားတစ်ခုအဖြစ်ပြောတာပါ။ စာအုပ်ထဲမှာလည်းတော်တော်များများ သုံးနှုန်းဖြစ်ပါလိမ့်မယ်။) မိုးမပြိုသရွေ့ တပည့် မသေနိုင်တော့ဘူး။”
ဒါတော့ဒါပေ့ါ.. မိုးကောင်းကင်ရဲ့ ကပ်ဘေးတွေ ကျရောက်လာစရာ မရှိတော့တဲ့အတွက် သက်တမ်းအကန့်အသတ်မဲ့သွားပြီ ဖြစ်ပေမဲ့လည်း.. အစွမ်းထက်တဲ့ အင်မော်တယ်တွေ ဖင်းဂေါ့တွေက သူ့ကိုသတ်နိုင်သေးတယ်လေ။ အသတ်ခံလိုက်ရရင်တော့ သေမှာပါ။

Book 21 - 30Where stories live. Discover now