Book 26 Chp 3

41 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 26 
Chapter 3 (အကာအကွယ်)

ဂျိနင်တို့ စစ်သူကြီးတွေအားလုံးပဲ ကျယ်ပြောလှတဲ့ သူတို့ရဲ့ သက်ဆိုင်ရာစစ်စခန်းတွေဆီကို ပြန်လို့သွားခဲ့ကြပါပြီ။ စစ်စခန်းထဲရောက်သွားတဲ့အခါမှာတော့.. နင်ရဲ့ အိမ်တော်ဆီ အသွားလမ်း၀ယ်..။

“စစ်သူကြီး”

“စစ်သူကြီး…”

နင်ကို မြင်လိုက်ကြတာနဲ့ ကောင်းကင်အင်မော်တယ်တွေ လွတ်မြောက်အင်မော်တယ်တွေ အားလုံးပဲ နှုတ်ဆက်လာခဲ့ကြပါပြီ။ နင်လည်း အားလုံးကို ပြုံးပြလိုက်ပြီးတော့ နာမည်နဲ့တကွ ပြန်နှုတ်ဆက်လိုက်ပါတယ်။
“တာအိုိရောင်ရင်း ရေခဲ၊ တာအိုရောင်ရင်း တုံဇီရှု…”
သူ့အပေါ် လေးစားကြည်ညိုနေကြတဲ့ စိတ်ဆန္ဒကို သူခံစားမိပါတယ်။ တော်၀င်ရှ အင်ပါ၇ီယာ နန်းတော်ထဲမှာတုန်းက ရှအင်ပါ၇ီယာ ပြည့်၇ှင်ရဲ့ အမိန့်ကြောင့် သူတို့တွေ နင်ရဲ့အနောက်ကို လိုက်ပါခဲ့ကြတယ်လေ။ အခုတော့ နင်ရဲ့ တိုက်ပွဲ စွမ်းအားက သူတို့ စိတ်ဆန္ဒတွေအားလုံးကို သိမ်းယူနိုင်ခဲ့ပါပြီ။ အစွမ်းထက်တဲ့ ခေါင်းဆောင်နောက်ကို လုက်ပါမယ်ဆိုရင်.. သူတို့အနေနဲ့ မုန်တိုင်းကို အသက်ရှင်လျက်ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေး ပိုရရှိမှာလေ။

ဒီလူတွေရဲ့ လေးစားကြည်ညိုမှုကြောင့်လည်း နင်အင်အားတွေ ပြည့်လာသလို ခံစားခဲ့ရသလို ဖိအားကိုလည်း ခံစားလာခဲ့ရပါတယ်။

သိပ်မကြာခင်မှာပဲ သူ့ရဲ့ အိမ်တော်ကို ပြန်ရောက်လာခဲ့ပါပြီ။

၀တ်စုံဖြူကို ၀တ်ဆင်ထားတဲ့ ယုဝေ.. သူပြန်အလာကို စောင့်နေလို့ပါ။

“ရှင်ပြန်ရောက်လာပြီလား..”
ယုဝေ ပြုံးပြလိုက်ပါတယ်။
“တခြားအင်မော်တယ်တွေက ရှင့်အကြောင်းပြောနေကြတာကို ကျွန်မကြားတယ်။ ကျွန်မတို့ ဒက်နော့ တပ်မဟာက အကြီးအကျယ်အောင်ပွဲ ဆင်နိုင်ခဲ့တယ်ဆို..။ ကောင်းကင်အင်မော်တယ် ရာဂဏန်းနဲ့ လွတ်မြောက်အင်မော်တယ်သောင်းဂဏန်းလောက်ကို ကျွန်မတို့ သတ်နိုင်ခဲ့တယ်တဲ့..။”

“အင်း.. ဟုတ်တယ်။ ဒါပေမဲ့ ငါတို့ရဲ့ လိုချီတပ်မဟာလည်း တော်တော်လေးကို အကျအဆုံးများခဲ့တယ်။”
နင်လည်း အိမ်တော်ထဲ ၀င်လာရင်း အံ့သြလို့ သွားခဲ့ရပါပြီ။
“အဲ…”

Book 21 - 30Where stories live. Discover now