Book 27 Chp 5

40 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 27
Chapter 5 (ဆရာကြီး ခုနစ်ဦးတို့.. ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါခင်ဗျာ။)

နဂါးရှစ်ကောင် တိမ်တိုက်မြို့တော်မှာတော့..။ တာအိုဖခင်ကြီး သွေးနီဟာ စစ်မြေပြင်တစ်ခုလုံးကို ခြုံပြီးကြည့်နေခဲ့ပါတယ်။ သူအရမ်းကို ရင်တွေ ပူနေခဲ့ပြီလေ။ ဂျိနင်တို့ ရှအင်ပါရီယာ ပြည့်ရှင်တို့ ရှိနေတဲ့ နယ်မြေတဝုိက်မှာ ဘယ်လောက်တောင်မှ အခြေအနေဆိုးလည်းဆိုတာ သူတွေ့နေရတယ်လေ။ ဓားတန်ခိုးရှင် ထာ၀ရ စိမ်းလန်းခြင်းက သစ္စာဖောက်ပြီးတော့ ပြန်လည်ရန်ပြုလာခဲ့တဲ့အတွက် သွေးနီလောက ရှေ့တန်းစစ်မြေပြင်မှာ ထိခိုက်မှု အနည်းအကျဉ်း ရှိလာခဲ့ပြီလေ။ ရှအင်ပါရီယာ ပြည့်ရှင်နဲ့ ဂျိနင်တို့က သူတို့ရဲ့ သက်ဆိုင်ရာ စစ်မြေပြင်မှာ တောင့်ခံထားနိုင်လို့သာ တော်သေးတယ်။ ဒါပေမဲ့ အခြေအနေက တော်တော်လေးကို ဆိုးရွားနေခဲ့ပါပြီ။

“ငါလည်း ဘာမှ မတတ်နိုင်တော့ဘူး။ အက်ကြောင်းမဲ့ဂိတ်ရဲ့ ထပ်ပြီး ပေါ်ထွက်လာခဲ့တဲ့ အင်ပါရီယာ နတ်ဘုရားဂိုလမ်တွေဟာ စစ်မြေပြင်အနှံ့ ရှိနေခဲ့ပြီ။ စစ်ကူပို့ပေးဖို့ကလည်း နယ်မြေတော်တော်များများအတွက် လိုအပ်နေပြီ။”
တာအိုဖခင်ကြီး သွေးနီလည်း စစ်မြေပြင်ကို ကြည့်နေမိခဲ့ပါတယ်။ ကောင်းကင်ထက် တစ်နေရာမှာ ရှိနေတဲ့ လေးနတ်ဘုရားကြီး အရှေ့ဖြိုခွင်းသူကတော့ သေမင်းမြားတံပေါင်းများစွာကို ပစ်ထုတ်နေလို့ပါ။ မျက်နှာဖြူရေနဂါးကြီးတွေ၊ ဇူယန် မျောက်ဝံကြီးတွေနဲ့ တခြား သတ္တဝါရိုင်းကြီးကိုတွေ နှစ်ကောင်သုံးကောင်လောက်ကို မြားတံတစ်ချောင်းစီက အသက်နှုတ်ယူသွားနိုင်ခဲ့တယ်လေ။

“ငါ့အနေနဲ့ ရှမင်ရဲ့ နယ်မြေကို ခဏပစ်ထားရမှာပဲ။”

“အရှေ့ဖြိုခွင်းသူကတော့ သူ့နယ်မြေကိုပဲ ဆက်ပြီး ဖိအားပေး ထိန်းချုပ်ထားပါစေ။”
တာအိုဖခင်ကြီး သွေးနီလည်း ဘာကို ဆုံးဖြတ်ရမယ်ဆိုတာကို သဘောပေါက်ပါတယ်။

တကယ်လို့များ အရှေ့ဖြိုခွင်းသူကို စစ်မြေပြင်အနှံ့ ဖိအားပေးထိန်းချုပ်ခိုင်းလိုက်မယ်ဆိုရင်တောင်မှ ဂျိနင်တို့ ရှအင်ပါရီယာ ပြည့်ရှင်တို့ ရှိနေတဲ့ နယ်မြေ၀န်းကျင်ဟာ ဆက်ပြီးတော့ အရေးန်ိမ့်နေဦးမှာပဲလေ။ တခြားနယ်မြေတွေကိုတော့ အရှေ့ဖြိုခွင်းသူ မကူညီနိုင်ခဲ့ဘူးဆိုရင်… သူတို့အနေနဲ့ ခြေမှုန်းခံရတော့မှာပါ။

Book 21 - 30Where stories live. Discover now