Book 29 Chp 580 ( အင်ပါယာ 5 ဦး )

34 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 580 (အင်ပါယာ ငါးဦး)

ရတနာငါးပါးတောင်ကြီးတွေ…

ဂျိနင်ဟာ ပထမဆုံး တောင်ကြီးရဲ့ နံရံမှာ ရှိနေတဲ့ ဓားချက်တွေကနေ ဖြာထွက်နေတဲ့ ဓားစိတ်ဆန္ဒတွေကို အာရုံခံနေခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ သူ့ပတ်၀န်းကျင်တခွင်က တည်ရှိမှု စကြ၀ဠာ လိမ်တွန့်လို့လာခဲ့ပြီးတော့ တာအို၀တ်စုံကို ၀တ်ဆင်ထားတဲ့ အဘိုးအိုတစ်ဦးပေါ်လို့လာခဲ့ပြီလေ။

“ဆရာ…”
နင်လည်း ချက်ချင်းပဲ ရိုသေစွာ ဂါရဝြပု နှုတ်ဆက်လိုက်ပါတော့တယ်။

“ရတနာငါးပါး ဓားသိုင်းကို ကြိုးကြိုးစား လေ့ကျင့်ထားတပည့်..။ တပည့်အောင်မြင်သွားခဲ့ရင်.. ဒီမုန်တိုင်းကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်ဖို့ အလားအလာများလာလိမ့်မယ်။”
ရွှီးဖူတိလည်း ရယ်ရယ်မောမော ပြောဆိုလိုက်ပြီးတော့
“အစောပိုင်းက တပည့်အက်ကြောင်းမဲ့ဂိတ်ကို တိုက်ခိုက်မယ်ပြောခဲ့တယ်မဟုတ်လား..။”

နင်ရဲ့မျက်လုံးတွေ အရောင်တောက်ပသွားခဲ့ပါပြီ။ သူချက်ချင်းကို ခေါင်းညိတ်လိုက်ပြီးတော့
“ဟုတ်ကဲ့ဆရာ..။”

“အက်ကြောင်းမဲ့ဂိတ်က လောကသုံးပါး တခွင် အနှံ့အပြားမှာ ရှိနေတာလေ။ တချို့ကမ္ဘာတွေမှာတော့ တန်ခိုးရှင်တွေအများကြီး ရှိကြပြီး တချို့မှာတော့ အနည်းအပါးပဲ ထားထားတယ်။”
ရွှီးဖူတိလည်း စကားဆက်လိုက်ပြီးတော့
“သွေးနီရဲ့ လောကလို လောကတွေက တေ်ာတော်လေးကို အားနည်းတယ်ပြောလို့ရတယ်။ မင်းရဲ့ မွေးရပ်မြေ တော်၀င်ရှဆိုရင် အက်ကြောင်းမဲ့ဂိတ်ရဲ့ အရေးအခင်းမတိုင်ခင်အထိ အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေ ကမ္ဘာထဲမှာမနေထိုင်ခဲ့ကြဘူးလေ။”

နင်လည်းခေါင်းညိတ်လိုက်ပါတယ်။
“ဆရာ.. ကျွန်တော့်အနေနဲ့ မဟာအင်အားကြီး အဓက ကမ္ဘာကြီးတွေဆီကို သွားချင်တာပါ။ လွတ်မြောက်အင်မော်တယ်တွေ ကောင်းကင်အင်မော်တယ်တွေကို သတ်တာဟာ အက်ကြောင်းမဲ့ဂိတ်ကို သိပ်ပြီး ဒုက္ခပေးနိုင်မှာမဟုတ်ဘူးလေ။ သူတို့ကို အများကြီး သတ်မှသာအက်ကြောင်းမဲ့ဂိတ်ကို ထိခိုက်စေနိုင်မှာ..။ တပည့်က ခြုံခိုတိုက်ခိုက်မှာဆိုတော့.. သူတို့တွေအများကြီး သတ်ပစ်ဖို့အတွက် အချိန်မလုံလောက်နိုင်ဘူးလေ။ ဒါကြောင့်လည်း အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေကို ပစ်မှတ်ထားခဲ့တာပါ။”

Book 21 - 30Where stories live. Discover now