Book 21 Chp 20

47 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 21 
Chapter 20 (ကြယ်တာရာဖမ်း နတ်ဘုရားလက်သိုင်း စတုတ္ထမြောက် စက်ဝုိင်း)

“ကောင်းသားပဲ.. တော်၀င်ရှ အင်ပါယာ နန်းမြို့တော်ကနေ ဂျိနင် ထွက်လာတာနဲ့ ကျွန်မ ရှင်ကို ချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်လေ။”
ကောင်မလေးက ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ်။

ကောင်းကင်အင်မော်တယ် အမှောင်ကောင်းကင်ဘုံလည်း  ၀မ်းသာအားရ ရယ်သွမ်းသွေးလိုက်ပြီး ခေါင်းည်ိတ်လိုက်လို့ပါ။
“လာလေ.. ဒါဆို ငါဂျိနင်နဲ့ မရင်ဆိုင်ခင် စကားစမြည်ပြောကြတာပေါ့..။”

တော်၀င်ရှ အင်ပါရီယာ နန်းမြို့တော်…

အနက်ရောင်နင်က ဦးလေးဖြူနဲ့ မျက်နှာချင်းဆိုင်ထိုင်လို့ ရှိနေပါတယ်။ သူ့ရဲ့ မူလခန္ဓာကိုယ်ကတော့ ရေအောက်နန်းတော်ထဲမှာပါ။

ရေအောက်နန်းတော်.. ဆိတ်ငြိမ်ခန်း၀ယ်..။

နင်ရဲ့ မူလခန္ဓာကိုယ်ဟာ ငရဲကျောက်စိမ်းရေခဲ ခုတင် အထက်မှာ ထိုင်လို့ ရှိနေပါတယ်။ သူ့ကိုတော့ ဓာတ်ကြီးငါးပါး ပါ၀င်တဲ့ ရတနာပေါင်းများစွာက ၀န်းရံထားလို့ပါ။ ပမာဏအနေနဲ့က ထောင်ပေါင်းများစွာ ကီလိုဂရမ်ကနေ သောင်းပေါင်းများစွာ ကီလိုဂရမ်အထိ ရှိတဲ့ ပစ္စည်းများစွာပါ။ အားလုံးက နင်ကို လှည့်ပတ်ပျံဝဲလို့ နေပါတယ်။

အချိန်တွေ တရွေ့ရွေ့စီးဆင်းသွားခဲ့ပါပြီ။

တချို့ ပစ္စည်းတွေက ဓာတ်ကြီးငါးပါး စွမ်းအင်လှိုင်းတွေဟာ တဖြည်းဖြည်း အားနည်းလို့ လာခဲ့ပြီး ဝိညာဉ်ပစ္စည်းကနေ အသုံးမ၀င်တဲ့ ပစ္စည်းအဖြစ် ပြောင်းလဲလို့ သွားကုန်ကြပါပြီ။ ကောင်းကင်ဘုံက ရွှေကျောက်မျက်လို ရတနာဟာ တဖြည်းဖြည်း အိုဟောင်းဆွေးမြေ့လာတာကို မျက်စိနဲ့တောင် မြင်နေရပါတယ်။ ဒီလိုနဲ့ ဖြူဖွေးလို့နေတဲ့ အသုံးမ၀င်တဲ့ကျောက်တုံးအဖြစ် ပြောင်းလဲလို့ သွားခဲ့ပါပြီ။ စီးဆင်းလို့နေတဲ့ ချော်ရည်တွေဟာလည်း  လေထဲမှာ လှပစွာ ပျံဝဲစီးဆင်းလို့နေဆဲပါ။ ဒါပေမဲ့.. အခုတော့ အက်ဆစ်ဓာတ်ပါတဲ့ ရေတွေအဖြစ်ပြောင်းလဲလို့ သွားခဲ့ပြီလေ။

Book 21 - 30Where stories live. Discover now