Chp 572 ( 36 ဘုံ မိုးကောင်းကင်)

37 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 28
Chapter 572 (၃၆ ဘုံ မိုးကောင်းကင်..)

“ကောင်းပြီလေ။”

ဂျိနင်လည်း စိတ်နဲ့ညွှန်ကြားလိုက်တဲ့အခါမှာတော့ ပုတီးလုံးတွေဟာ လေထဲကို မြောက်တက်လို့လာခဲ့ပြီလေ။ ဒီမှာပဲ မြစ်တစ်ခုအလား ခန်းမတစ်ခုလုံးပြည့်ပြီးတော့ စီးဆင်းရွေ့လျားနေခဲ့ပါပြီ။

“ပုတီးလုံး ၃၆၀၀ တောင်မှပါလား..။”
နင်လည်း ပြုံးလိုက်ပြီးတော့
“ချည်နှောင်ပေါင်းစည်းစမ်း..”

သူ့ရဲ့ သန့်စင်သောယန် စွမ်းအင်တွေဟာ အလင်းတန်း ၃၆၀၀ အဖြစ်ဖြာထွက်လာခဲ့ပြီးတော့ ပုတီးလုံးလေးတွေကို လွှမ်းခြုံထားခဲ့ပါပြီ။ အားလုံးချက်ချင်းပဲ ချည်နှောင်ပေါင်းစည်းလိုက်တယ်လေ။ သူ့ရဲ့ စိတ်ဝိညာဉ်တံဆိပ်တော်ကို အားလုံးအထက်မှာ ချန်ရစ်ထားခဲ့ပါပြီ။ မူလကြယ်တာရာဝိညာဉ်မှော်ရတနာတွေဟာ ရတနာဝိညာဉ်ကသာ သဘောတူတယ်ဆိုရင်တော့ မှော်ရတနာတွေအားလုံးထဲမှာ ချည်နှောင်ပေါင်းစည်းရ အလွယ်ကူဆုံးပါ။ သာမန်လူသားတွေတောင်မှ သွေစက်လေးတစ်စက်နဲ့ချပြီးတော့ ချည်နှောင်ပေါင်းစည်းလို့ရတယ်လေ။ ဒါဆိုရင် ရတနာဝိညာဉ်အတွင်းမှာ စိတ်ဝိညာဉ်တံဆိပ်တော်လေး ဖြစ်ပေါ်လာပါလိမ့်မယ်။

ပုတီးလုံးတွေကို ချည်နှောင်ပေါင်းစည်းသွားပြီးတဲ့အခါမှာတော့.. ပုတီးလုံးပေါင်း ၃၆၀၀ ထဲပါ၀င်နေတဲ့အရာတွေကို သူခံစားမိလိုက်ပြီလေ။ ဒီမှာပဲ သူ့ရဲ့အသက်ရှူနှုန်းတွေ မြန်ဆန်လို့သွားခဲ့ပါပြီ။
“ဒီတားမြစ်မန္တန်…။”

ဒါက ဘယ်လိုမှကို စာဖွဲ့လို့မရအောင် လေးနက်ဆန်းကြယ်လွန်နေခဲ့ပါတယ်။

“ဟမ့်.. မင်းတံဆိတော်တွေကို ရှာတွေ့သွားပြီပေါ့လေ။”
ကလေးလေးက မာနကြီးစွာပြောလိုက်ပါတယ်။
“ကမ္ဘာဦး ပျက်စီးမှု စကြ၀ဠာအတွင်းမှာ မရေမတွက်နိုင်အောင် များပြားလှတဲ့ ကြယ်တာရာတွေ ရှိနေတယ်။ ကြယ်တာရာတစ်ခု သေဆုံးသွားတိုင်းမှာ… အမြုတေဟာ ပုံဆောင်ခဲဖြစ်သွားခဲ့တယ်။ ပန်ဂုက မိုးနဲ့မြေကို ဖန်ဆင်းလိုက်တဲ့အခါမှာတော့ ဒီပုံဆောင်ခဲလေးအချို့ဟာ ပန်ဂုကမ္ဘာထဲကို မတော်တဆ ၀င်ရောက်လာခဲ့တယ်လေ။ ဒီ ပုံဆောင်ခဲ အမြုတေ ၃၆၀၀ ဟာ အသစ်ဖြစ်ပေါ်လာတဲ့ပန်ဂုကမ္ဘာရဲ့ စွမ်းအင်တွေကို စားသုံးနိုင်ခဲ့တယ်။ ဒီမှာပဲ ရွှေရောင်ကြယ်တာရာ ပုတီးလုံးတွေအဖြစ်ပြောင်းလဲသွားခဲ့တာလေ။ ရွှေရောင်ကြယ်တာရာ ပုတီးလုံးတိုင်းက မူလကြယ်တာရာ ဝိညာဉ်မှော်ရတနာတွေပဲ…။ သူတို့တွေဟာ ဓားတွေ ၊ ဆောဘာတွေအပြင် အရာအားလုံးကို အသွင်ကိုပြောင်းလဲနိုင်ကြတယ်။ ဒီ ၃၆၀၀ အရေအတွက်ရှိတဲ့ ပုတီးလုံးတွေဟာ တစ်ခုနဲ့တစ်ခု ပဲ့တင်သံထပ် တသားတည်း ကျလို့နေနိုင်ပြီးတော့ အားလုံးကိုပြီးပြည့်စုံတဲ့ အရာတစ်ခုအဖြစ်လည်း ပြောင်းလဲနိုင်တယ်လေ။ ဒါတွေက တကယ့်ကို အံ့မခန်းအစွမ်းထက်လွန်းတဲ့ မဟာ မူလကြယ်တာရာ ဝိညာဉ်မှော်ရတနာတွေလို့ ပြောလိုရတယ်။”

Book 21 - 30Where stories live. Discover now