Book 25 Chp 8

50 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 25 
Chapter 8 (အင်မော်တယ် ဖြစ်လာခြင်း)

ဂျိနင်မျက်လုံးကို မှိတ်လို့ထားမိပါတယ်။

သူ့ကို သတ်ဖို့လား

လာလေ…

ဒါက မိစ္ဆာနှလုံးသားကမ္ဘာပါ။ သူ့ကို ဒီမှာ သတ်လိုက်လို့လည်း တာအိုနှလုံးသားအပေါ် အကျိုးသက်ရောက်မှု မရှိဘူးလေ။ ပြီးတော့ နင်တစ်ခုခုကို သေချာသိနေခဲ့ပါပြီ။ ဒီမိစ္ဆာနှလုံးသားကမ္ဘာမှာ နှစ်ပေါင်းသုံးသောင်းကျော် သူနေထိုင်ခဲ့ပြီးပြီလေ။ ဒီကမ္ဘာထဲ အကြိမ်ပေါင်းများစွာ နစ်မြုပ်စေခဲ့ပြီး အကြိမ်ပေါင်းများစွာ ပြန်လည်နိုးထအောင် စမ်းသပ်ခဲ့ပြီးပါပြီ။ ဒါကြောင့် သူ့တာအိုနှလုံးသားဟာပိုပိုပြီး ကြံ့ခိုင်လာခဲ့ပြီလေ။ ဒီလို ကြယ်တာရာဖမ်း နန်းတော်ရဲ့ ဆက်ခံသူ အသစ် ရုတ်တရက်ပေါ်လာခြင်းဟာ မိစ္ဆာနှလုံးသား ကမ္ဘာရဲ့ စနက်တစ်ခုထက် မပိုတော့ပါဘူး။

၀ုန်း

လက်ဝါးကြီးဟာ ဂျိနင်ရဲ့ အထက်အရောက်မှာတော့ ရပ်တန့်သွားခဲ့ပြီလေ။ အခုတော့ တစ်လက်မလောက်ပဲ သူနဲ့ ကွာဝေးပါတော့တယ်။ ဂျိနင်မော့ကြည့်လိုက်တဲ့အခါမှာတော့ အလွန်ကို ကြီးမားလှတဲ့ လက်ဝါးကြီးက လက္ခဏာ အကြောင်းကြီးတွေသာမြင်တွေ့ခဲ့ရတယ်လေ။

“မင်းဘာဖြစ်လို့ ရပ်လိုက်ရတာလဲ…”
နင်အေးအေးဆေးေးဆပဲ မေးလိုက်ပါတယ်။
“ကြယ်တာရာဖမ်း နန်းတော်ရဲ့ အသစ်ဆက်ခံသူ..။”

“မင်းသေရမှာ မကြောက်ဘူးလား..။”
အံ့မခန်းကြီးမားလှတဲ့ ပုဂ္ဂိုလ်ကြီးက မိုးကောင်းကင်တစ်ခုလုံး လွှမ်းမိုးထားတဲ့ သူ့ရဲ့လက်ဝါးကြီးကိုဖြည်းဖြည်းချင်းပြန်ရုတ်သိမ်းလိုက်ပါတယ်။

“ငါ့ကို သတ်ချင်တယ်ဆိုရင် သတ်လိုက်လေ..”
နင်က အေးစက်စက်ပြောလိုက်ပါတယ်။

“ကြယ်တာရာဖမ်းနန်းတော်ရဲ့ အရင်ဆက်ခံသူကိုသတ်ရတာ စိတ်၀င်စားစရာကိစ္စလို့ထင်ခဲ့မိတယ်။ ဒါပေမဲ့ မင်းက ငါ့ကို ပြန်ပြီးတော့တောင် မတိုက်ခိုက်ဘူး။ ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလိုက်လဲ..။”
ပုဂ္ဂိုလ်ကြီးကပြောလိုက်ပါတယ်။ နင်လည်း ဒီကြယ်တာရာဖမ်း နန်းတော်ရှင်အသစ် ဘယ်လိုပုံစံရှိသလဲဆိုတာကို သေချာစူးစိုက်ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ သူဘာမှကို မမြင်ခဲ့ဘူးလေ။

Book 21 - 30Where stories live. Discover now