Chp 591 ( ကောင်းကင်အင်မော်တယ် ဂွတ်ဟေး)

36 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 591 (ကောင်းကင်အင်မော်တယ် ဂွတ်ဟေး)

လူငယ်လေးလည်း နင်ကို ကြည့်နေခဲ့ပါတယ်။ သူ့ရဲ့ မျက်လုံးတွေဟာ တောက်ပနေလို့ပါ။

“ပျက်စီးသွားခဲ့ပြီ..”
နင်လည်း ဖြေလိုက်ပါတယ်။ ဒီနိုင်ငံတော်ကြီး မပျက်စီးသေးဘူးဆိုရင် ကျောက်စာချပ်ကြီး သုံးဆယ့်ခြောက်ချပ်ဟာလည်း တကွဲတပြား ဖြစ်နေကြမှာ မဟုတ်ဘူးလေ။ လောကသုံးပါးမှာ ဒီကျောက်စာချပ် ရှိနေခဲ့တာ အလွန်ကြာမြင့်ခဲ့ပြီဆိုတာကိုပါ တွက်လိုက်မယ်ဆိုရင်… ပန်ဂဲ ပျက်စီးခြင်း နိုင်ငံတော်ဆိုတာ ရှိဖို့မဖြစ်နိုင်တော့ပါဘူး။

“ ပျက်စီးသွားပြီ.. ပျက်စီးသွားပြီ.. ဒါ.. ဒါပေမဲ့ .. ဘယ်လိုလုပ်ပြီး… မင်းသမီးလေး.. ဆရာ.. ဆရာ.. မဖြစ်.. မဖြစ်နိုင်ဘူး….”
လူငယ်လေးလည်း စိတ်ဓာတ်လုံး၀ ကျသွားခဲ့ပုံပါ။ ရင်ထဲက စိတ်ဆန္ဒကြောင့် ပျက်စီးခြင်း စက်၀န်းသုံးခုတိတိ သူတောင့်ခံနေခဲ့တယ်လေ။ပျက်စီးခြင်း စက်၀န်းသုံးခုတိတိ…. ဒီအချိန်အတောအတွင်းမှာ အစစ်အမှန် နတ်ဘုရ့ားတွေ မြောက်များစွာဟာ မျှော်လင့်ချက်မဲ့စွာနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြတယ်လေ။ ဒါပေမဲ့.. သူက .. ကောင်းကင်အင်မော်တယ်အဆင့်နဲ့ ဒီအချိန်တွေကို တောင့်ခံပြီး ဖြတ်ကျော်ခဲ့ရတာပါ…။

“မင်းတို့တွေ.. မင်းတို့တွေပဲ ပန်ဂဲ ပျက်စီးခြင်းနိုင်ငံတော်ကို ဖျက်ဆီးလိုက်ကြတာ.. ဟုတ်တယ်မလား.. ဟုတ်တယ်မလား.. မင်းတို့တွေက ငါ့ဆီက အရာအားလုံးကို ယူသွားခဲ့ကြပြီ… အား…”
လူငယ်လေး ရူးသွပ်နေခဲ့ပါပြီ။

“သေပေတော့..”
အလင်းတန်း ရာပေါင်းများစွာဟာ လူငယ်လေးရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့ပါတယ်။ အလင်းတန်းတွေဟာ သူ့ကို ရစ်သိုင်းလည်ပတ်နေလို့ပါ။ ဒီမှာပဲ အလွန်ကိုကြီးမားတဲ့ ကျောက်စိမ်းအရိပ်ဓားကြီးဟာ ပေါ်ထွက်လာခဲ့ပြီး နင်ကို ပိုင်းချလိုက်ပြီလေ။

နင်ကတော့ တော်တော်ကို အေးအေးလူလူ ရှိနေခဲ့ပါတယ်။ ဒါတွေအားလုံးကို သူမျှော်လင့်ထားခဲ့ပြီးသားလေ။ ပြီးတော့ သူ့အရှေ့က ရှိနေတဲ့ သူက ကောင်းကင်အင်မော်တယ်လေးတစ်ဦးပါ။ ဒါပမဲ့လည်း တိုက်ခိုက်မှုကို မြင်လိုက်ရတဲ့အခါမှာတော့ နင်အလွန်ကို တုန်လှုပ်သွားခဲ့ပါပြီ။  ဒီကျောက်စိမ်းဓားအရိပ်ကြီးဟာ အံ့မခန်းကြီးမားလှတဲ့ အင်အားကိုသယ်ဆောင်လာခဲ့တယ်လေ။ ရင်ထိတ်သွားခဲ့ပါတယ်။ ကောင်းကင်အင်မော်တယ်က ဒီလိုအစွမ်းမျိုးမရှိနိုင်ဘူးလေ။ ပြောရရင်.. သန့်စင်သောယန် အင်မော်တယ်တောင်မှ ဒီလောက်အထိ အစွမ်းမထက်နိုင်ပါဘူး။

Book 21 - 30Where stories live. Discover now