Book 23 Chp 9

40 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23 
Chapter 9 (ငါတို့ရဲ့ကမ္ဘာ)

ခရမ်းရောင် ၀တ်ရုံနဲ့ စစ်သူရဲကြီး တိုက်ခိုက်လာတဲ့အချိန်မှာတော့… နင်ကို တိုက်ခိုက်နေကြတဲ့ ၀တ်ရုံနက်၀တ် စစ်သူရဲကြီးတွေအားလုံး နောက်ကို ရှဲသွားခဲ့ကြပြီလေ။ သူတို့ရဲ့ ကွန်မန်ဒါကို ယုံကြည်ချက်အပြည့်ရှိနေပါတယ်။

၀ှစ်

ငွေရောင် ကြာပွတ် ရိုက်ချက်တွေ ထွက်ပေါ်လာခဲ့ပြီလေ။ ကြာပွတ်ဟာ မီတာ သုံးသောင်းလောက်ကို ရှည်လျားပါတယ်။ ငွေရောင်မြွေနဂါးကြီအလား လှပစွာ လှုပ်ရှားပြီးတော့ နင်ဆီကို ကျရောက်လာခဲ့ပြီလေ။ နင်ရဲ့ ဓားလက်ချောင်းတွေဟာလည်း ကြာပွတ်ကြီးကို ထိပ်တိုက် ရင်ဆိုင် ခုခံကာကွယ်လိုက်ပါတယ်။

၀ှမ်

ကြည်လင်ကျယ်လောင်တဲ့ အသံကြီးထွက်ပေါ်လာခဲ့ပါပြီ။ ထူးဆန်းတဲ့ စွမ်းအင်တမျိုး သူ့ရဲ့ ခန္ဓာကိုယ်ဆီကို စီးဆင်းလာတာ နင်ခံစားမိလိုက်ပါတယ်။ သူ့ရဲ့ အတွင်းကလီစာတွေအထိကိုပါ စီးဆင်းလာခဲ့တာပါ။ ဒါပေမဲ့ ၈၉ ပါးလျှို့ဝှက်နတ်သိုင်းကြောင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ အားနည်းချက်ဆိုတာ မရှိတော့ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ကီလိုမီတာ ပေါင်းများစွာကို နင်လွင့်စဉ်သွားခဲ့ပါပြီ။

“သူက ငါ့ထက်အရမ်းကို မြန်နေတယ်။ သူ့ကြာပွတ်ရိုက်ချက်က ငါ့ရဲ့ ကြယ်တာရာဖမ်း နတ်ဘုရားလက်သိုင်းထက်ကို ပြင်းထန်နေတယ်။ ပြီးတော့ သူ့ရဲ့ ကြာပွတ်ရိုက်ချက်ကို ငါဘယ်လိုမှ မရှောင်တိမ်းနိုင်ဘူး။ သူ့ကြာပွတ်သိုင်းရဲ့ အဆင့်က ငါ့ဓားသိုင်းထက် ပိုမြင့်မှာ သေချာနေပြီ။ သူ့ရဲ့ အစွမ်းဟာလည်း ကောင်းကင်အင်မော်တယ်တွေမှာဆို အထွတ်အထိပ်ရဲ့ အမြင့်ဆုံးဆိုတဲ့ အဆင့်ကို ရောက်နေလောက်ပြီ။”
နင်တွေးနေမိပါတယ်။

ရင်ဆိုင်ရတာ ခက်ခဲလွန်းတယ်လေ။

၀တ်ရုံနက်၀တ် စစ်သူရဲကြီးတွေက ကောင်းကင်အင်မော်တယ် သေမင်းသစ်တုံးတို့ ရွှေနာရီတို့ အဆင့်လောက်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ခရမ်းရောင် ၀တ်ရုံ၀တ် စစ်သူရဲကြီးကတော့ ကောင်းကင်အင်မော်တယ် အရူးကြီးတို့ထက်တောင် အများကြီးပိုပြီး အစွမ်းထက်နေပြီလေ။ နင်ရဲ့ ဂုဏ်အယူရဆုံး ပညာဖြစ်တဲ့ ကြယ်တာရာဖမ်း နတ်ဘုရားလက်သိုင်းတောင်မှ သူ့ကိုရင်ဆိုင်ဖို့အတွက် မလုံလောက်တော့ပါဘူး။ အမြန်နှုန်းနဲ့ ဓားသိုင်းမှာလည်း နင်က ရန်သူထက် အဆင့်နိမ့်နေပြီလေ။

Book 21 - 30Where stories live. Discover now