Book 23 Chp 15

43 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23 
Chapter 15 (စာအဆုံးမှာ ဓား)

သူ့ရဲ့ ဓားသိုင်းဟာ အလွန်ကို သန့်စင်လာပြီလေ။ တစ်ရက်မှာတော့ သူ့ရဲ့ ဓားလက်ချောင်းထိပ်ကနေ ထက်သောအဖြူရောင်ငွေအလင်းတို့ ပေါ်ထွက်လာခဲ့ပြီလေ။ ဒီထက်သောအဖြူရောင်ငွေအလင်းကြောင့် သူ့ရဲ့ ဓားလက်ချောင်းဟာ ပိုပြီးကြောက်မက်ဖွယ်ကောင်းလာခဲ့သလို ပိုပြီးလည်းထက်မြိလာခဲ့ပါပြီ။ အခုဆို သာမန်ဓားတစ်ချောင်းထက် ထိုးဖောက်၀င်ရောက်နိုင်စွမ်းပိုမြင့်မားလာခဲ့ပြီလေ။

ရေအောက်နန်းတော်အတွင်းမှာတော့..

၀တ်စုံနက်၀တ် နင်ဟာ ၀က်ဝံ၀ါကြီးကို မေးခွန်းတချို့မေးနေပါတယ်။
“ဆရာကြီး၀က်ဝံ… ကျွန်တော့်ဓားလက်ချောင်းကို ၀န်းရံနေတဲ့ အဖြူရောင်ငွေအလင်းက…။”

“မင်းမသိဘူးလား..”
၀က်ဝံ၀ါကြီးလည်း အူကြောင်ကြောင်ဖြစ်သွားပါတယ်။
“နှလုံးသားအင်အားအကြောင်းကို မင်းသိထားပြီးသားပဲ။ ဘယ်လိုဖြစ်ပြီး ဒီအကြောင်းကို မသိရတာလဲ..။ အိုး ..ဟုတ်သား.. ဂိုဏ်းချုပ်ကြီးရွှီးဖူတိက မင်းရည်မှန်းချက် အရမ်းမြင့်မြင့်ထားမှာ စိုးရိမ်ခဲ့တာကြောင့်ဖြစ်မယ်။ ဒါကြောင့် သူမင်းကို မပြောပြခဲ့တာ။”

“ဘာကြောင့်လဲဆရာကြီး..”
နင်လည်းမေးကြည့်လိုက်ပါတယ်။

၀က်ဝံ၀ါကြီးလည်း ရှင်းပြလိုက်ပါတယ်။
“ဓားတန်ခိုးရှင်တွေအတွက်.. မဟာဓားတာအိုကို နားလည်သဘောပေါက်သွားတာက လမ်းဆုံးမဟုတ်သေးဘူးလေ။ မဟာဓားတာအိုတစ်ခုလုံးကို မင်းနားလည်သွားတဲ့အခါကျရင်.. ဓားရဲ့ အမြူတေကိုပါ တဖြည်းဖြည်း မင်းထိတွေ့လာနိုင်လိမ့်မယ်။ ဒါကြောင့် ဒီလို ထက်သောဓားအလင်းတွေက မင်းဓားသိုင်းကို အသုံးပြုလိုက်တိုင်းမှာ ထွက်ပေါ်လာတာလေ။ ဒီလို ထက်သောဓားအလင်းမျိုးကို ဓားအင်အားလို့ခေါ်တယ်။ ပြောရရင် မဟာဓားတာအိုကိုနားလည်အောင်မြင်သွားတဲ့ ပြိုင်စံရှား ဓားတန်ခိုးရှင်တိုင်းဟာ ဒီအဆင့်အထိကို ဖြည်းဖြည်းချင်း ကျင့်ကြံလာနိုင်ကြတယ်လေ။ အခု မင်းက ထိတွေ့မိရုံဆိုတော့ ဓားအင်အားရဲ့ အဆင့်အနိမ့်ဆုံး အခြေခံ အဆင့်ကို ရောက်သွားတာ ဖြစ်လိမ့်မယ်။”

Book 21 - 30Where stories live. Discover now