Book 22 Chp 8

43 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22 
Chapter 8 (ရှောင်ယင် ဖင်းဂေါ့ ယဉ်ပါးလေ့ကျင့်ရေး ၀င်္ကဘာ)

ကောင်းကင်ထက်မှာတော့ ကောင်းကင်အင်မော်တယ် မီးလျှံငါး၊ သေမင်းသစ်တုံး၊ အရူးကြီး ၊ နေငါး နဲ့ ရွှေနာရီတို့ ရှိနေကြလို့ပါ။ အားလုံးက အပျက်အစီးပုံထဲ မားမားမတ်မတ် ရပ်လို့နေတဲ့ လူငယ်လေးကို ဒေါသတကြီး ကြည့်လို့ နေကြပါတယ်။ ဒါက မီးလျှံငယ်ကလန်ရဲ့ ဌာနချုပ်လေ။ ဒါပေမဲ့ ကီလိုမီတာ တစ်သိန်း၀န်းကျင်ဟာ အပျက်အစီးပုံတွေဖြစ်လို့သွားခဲ့ပါပြီ။

“ဒီကောင်လေးက တော်တော်သတ္တိကောင်းနေပါလား…”
ကောင်းကင်အင်မော်တယ် နေငါးလည်း အရမ်းကို ဒေါသထွက်လို့နေပါပြီ။ သူတစ်ချက်အော်ဟစ်ရယ်မောလိုက်ပါတယ်။

“ဂျိနင်.. ငရဲပြည်တံခါးက ပိတ်ထားတယ်ကွ.. ဒါပေမဲ့ မင်းက အတင်းကို၀င်ချင်နေတာ…”
ကောင်းကင်အင်မော်တယ် အရူးကြီးရဲ့ လေသံဟာ တကယ်ကို ခြောက်ခြားဖွယ်ကောင်းလို့နေပါတယ်။

“သတ်”

ကောင်းကင်အင်မော်တယ် ငါးဦးလုံးရဲ့ လူသတ်လိုစိတ်ဟာ မိုးထိအောင်မြင့်နေခဲ့ပါပြီ။ အကုန်လုံးက နင်ကို ချက်ချင်း စိစိညှက်ညှက် ကြေအောင် သတ်ပစ်ချင်နေကြလို့ပါ။

ရွှစ် ရွှစ် ရွှစ် ရွှစ် ရွှစ် ရွှစ်

ငါးဦးလုံး အတူတူ ချိတ်ဆက်လိုက်ကြတဲ့အခါမှာတော့… ရောင်စဉ် ငါးပါး တောက်ပလို့နေတဲ့ တောင်ကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့ပြီး နင်ဆီကို ၀င်ရောက်လာခဲ့ပါပြီ။ ကောင်းကင်ထက်မှာတော့ တောင်ကြီးဖြတ်သန်းသွားခဲ့တဲ့အတိုင်း အမာရွတ်ကြီးတစ်ခု ကျန်ရစ်ခဲ့လို့ပါ။

ဒါကို မြင်လိုက်တော့ နင်အရမ်းကို ၀မ်းသာပျော်ရွှင်သွားခဲ့ပါပြီ။

သူတို့တွေ တကယ်၀င်လာနေပြီလေ။

ပြောရရင်တော့ သူတို့တွေ ထောင်ချောက်ထဲကို တည့်တည့် တိုး၀င်လာခဲ့ပါပြီ။  မီးလျှံငယ်ကလန် ဌာနချုပ်ရဲ့ အပျက်အစီးပုံပေါ်မှာ နင်မားမားရပ်လျက်နဲ့ သူတို့ကို စိန်ခေါ်နေခဲ့တယ်လေ။ ဒါကို မီးလျှံငယ်ကလန်ရဲ့ ကောင်းကင်အင်မော်တယ်တွေက ရပ်ကြည့်နေလို့ ဖြစ်နိုင်ပါ့မလား..။ ဒါဆို သူတို့က တော်၀င်ရှ ကမ္ဘာတစ်ခုလုံးရဲ့ ရယ်စရာ ဖြစ်သွားမှာပေါ့..။ ပြီးတော့ သူတို့တွေ ဂျိနင်ကို တိုက်ခိုက်ဖို့ဆိုရင် အနားကို တိုးကပ်နိုင်မှဖြစ်မယ်လေ။ မှော်ရတနာတွေက အလွန်ဆုံး တိုက်ခိုက်နိုင်တဲ့ အကွာအဝေးအရဆိုရင်.. သူတို့တွေက သူနဲ့ အများဆုံး ကီလိုမီတာ တစ်သောင်းအဝေးမှာကို ရှိနေမှ ဖြစ်မှာလေ။

Book 21 - 30Where stories live. Discover now