Book 25 Chp 9

45 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 25 
Chapter 9 (တိမ်းရှောင်ခြင်း)

တောက်ပသော နှလုံးသားကျွန်း…

ဂျိနင်တို့အားလုံး မြေပြင်ထက်ဆင်းသက်လာခဲ့ပါပြီ။ သူ့ကို မြင်လိုက်ရတဲ့အခါမှာတော့ တောက်ပသော နှလုံးသားကျွန်းရဲ့ အမှုထမ်းတွေ ရံရွေတော်တွေအားလုံး သံပြိုင် နှုတ်ဆက်ကြိုဆိုလိုက်ကြပါတော့တယ်။
“သခင်လေး..။”

“ဂျိနင်..ပြန်ရောက်လာပြီလား…။”
၀တ်စုံနက်၀တ် ဂျိအမှန်တရားစောင့်ထိန်းသူ အံ့သြ၀မ်းသာသွားခဲ့ပါတယ်။

“ဦးလေးအမှန်တရား စောင့်ထိန်းသူ…”
နင်ကပြုံးလိုက်ပြီး
“ဦးလေးကို ကြည့်ရတာ စိုးရိမ်နေတဲ့ အမူအရာပေါ်နေတယ်။”

“ဘယ်လိုလုပ် မစိုးရိမ်ပဲ နေနိုင်ရမှာလဲ..။ မင်းသာ မိုးကောင်းကင်စမ်းသပ်စစ်ဆေးမှု ကျော်ဖြတ်နေတာ ဦးလေးမသိခဲ့ဘူးဆိုရင် လာရှာမိနေလောက်ပြီ။ တော်သေးတယ်။ တော်သေးတယ်။ မင်းပြန်ရောက်လာခဲ့ပြီ..။”
အမှန်တရားစောင့်ထိန်းသူ ပြောလိုက်ပါတယ်။ ချပ်၀တ်တန်ဆာ၀တ် စစ်သည်တော် တစ်ဦး သူတို့ဆီကို လျှောက်လို့လာနေခဲ့ပါပြီ။ ဒီလူက အင်ပါရီယာ နန်းမြို့တော်ရဲ့ အင်ပါရီယာ အစောင့်အရှောက်ဆိုတာကို နင်သိလိုက်ပါတယ်။ လွတ်မြောက်အင်မော်တယ် စစ်သည်တော် တစ်ဦးလေ။

အမှန်တရားစောင့်ထိန်းသူက
“ဒီစစ်သူကြီးက တော်၀င်ရှ အင်ပါ၇ီယာ နန်းမြို့တော်ကနေ အင်ပါရီယပြည့်ရှင် အမိန့်နဲ့ ရောက်လာခဲ့တာလေ။ သားလေးကို စောင့်နေတာ နှစ်လလောက် ရှိပြီ။”

“နှစ်လ…”
နင်အံ့အားသင့်သွားပါတယ်။

“သားလေးသာ သုံးရက်အတွင်း မရောက်လာဘူးဆိုရင်… မိုးကောင်းကင် စမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်နေရပေမဲ့လည်း ဦးလေးလာရှာတော့မလို့..။”
အမှန်တရားစောင့်ထိန်းသူ ပြောလိုက်ပါတယ်။

နင်ရဲ့ မူလအမွှ မိုးကောင်းကင်စမ်းသပ်စစ်ဆေးခြင်း ကျော်ဖြတ်တာက လျှို့ဝှက်ချက် တစ်ခု မဟုတ်ဘူးလေ။ ရှအင်ပါ၇ီယာပြည့်ရှင်ကော အက်ကြောင်းမဲ့ဂိတ်ကပါ သိထားပြီးသားပါ။ နင်အနေနဲ့လည်း တခြားသူတွေကို မလျှို့ဝှက်ထားတော့ဘူးလေ။

Book 21 - 30Where stories live. Discover now