Chp 585 ( ညှိုနှိုင်းပီ)

32 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 585 (ညှိနှိုင်းပြီ)

“ဒါပေမဲ့လည်း .. ဂျိနင်.. မင်းရဲ့ စစ်ဆင်ရေးက အရမ်းကို အန္တရာယ်များလွန်းတယ်။”
အင်ပါရီယာ နတ်ဘုရား ကော်ဇီက ပြောလာခဲ့ပါတယ်။
“အခုလက်ရှိ အခြေအနေရ ကျွန်မတို့ မဟာမိတ်နှစ်ဖက်လုံးက စစ်ပွဲအသေးလေးတွေပဲ ဆင်နွှဲနေကြတာလေ။ နှစ်ဖက်စလုံးက အင်အားကုန်ထုတ်ပြီး တိုက်ခိုက်ရတဲ့ စစ်ပွဲကို မဆင်နွှဲချင်ကြသေးဘူး..။ ဒီတော့ကာ တစ်ဖက်ရဲ့ အားနည်းချက်ကို တစ်ဖက်က ရှာဖွေနေခဲ့တာလေ။ ပြီးတော့ ကမ္မကံကောင်းခြင်း စစ်ပွဲကိုလည်း အနိုင်ရဖို့ လိုအပ်နေတယ်။ ကျွန်မတို့တွေက အနိုင်ရရုံတင်မကဘူး.. ကျွန်မတို့ရဲ့ အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေကိုတောင် ဆက်ပြီး အသက်ရှင်သန်နိုင်အောင် ကြိုးစားကြရမှာလေ။ အက်ကြောင်းမဲ့ဂိတ်ကလည်း အလားတူပဲ လုပ်နေတာ..။”

“ကမ္မကံကောင်းခြင်း စစ်ပွဲကို ကျွန်မတို့ အောင်မြင်ခဲ့ပေမဲ့လည်း.. ကျွန်မတို့ရဲ့ အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်ယတ်တွေအားလုံးလောက်နီးပါးနဲ့အတူ တာအိုဖခင်ကြီးတွေကော အစစ်အမှန် နတ်ဘုရားကြီးတွေပါ အများကြီး ကျဆုံးခဲ့ရရင်… ကျွန်မတို့ ဘာအတွက်ကြောင့်များဆက်ပြီးတိုက်ခိုက်နေကြဦးမှာလဲ..”
ကော်ဇီလည်း နင်ကိုကြည့်လိုက်ပြီးတော့
“နောက်ဆုံးအချိန်ကို မရောက်လာမချင်း နှစ်ဖက်စလုံးက ရေကုန်ရေခမ်းတိုက်ခိုက်ကြဦးမှာမဟုတ်ဘူးလေ။ နောက်ဆုံးသော အဆုံးသတ် စစ်ပွဲရောက်လာခဲ့ရင်တော့.. နှစ်ဖက်စလုံးက အကြီးအကျယ်ကို သတ်ဖြတ်ပွဲကြီး ကျင်းပသလို ဖြစ်ကြတော့မှာ..။”

“အခုအချိန်မှာတော့ နှစ်ဖက်စလုံးက မကျော်ချင်ကြတဲ့ မမြင်ရတဲ့ စည်းဆိုတာ ရှိနေတယ်။ ဒါပေမဲ့.. ဒါပေမဲ့ ရှင်က ဒီ ဒီစည်းကို ဖြတ်ကျော်ခဲ့ပြီးပြီ…။”
ကော်ဇီလည်း နင်ကို ကြည့်လိုက်ပြီးတော့
“ဒါပေမဲ့လည်း အဲဒါက ရှင်တစ်ဦးတည်းပါ။ အက်ကြောင်းမဲ့ဂိတ်က ရှင်တစ်ဦးတည်းကိုပဲ အရေးယူလိမ့်မယ်။ ဒီစည်းကို ရှင်ခဏခဏကျော်လာလေလေ.. သူတို့တွေက ရှင်ကိုပိုပြီးတော့ သတ်ပစ်ချင်လာကြလေလေပဲ..။”

Book 21 - 30Where stories live. Discover now