Chp 574 ( လောကသုံးပါးရဲ့ နံပါတ်တစ် ဓားတန်ခိုးရှင်)

42 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 28
Chapter 574 (လောကသုံးပါးရဲ့ နံပါတ်တစ် ဓားတန်ခိုးရှင်)

“တော်၀င်ရှ??”

ဂျိနင်နဲ့ အင်ပါရီယာ နတ်ဘုရားကြီး ခုနစ်ဦးတို့ ကောင်းကင်ထက်ပေါ်လို့လာခဲ့ပါပြီ။ အဝေးက တော်၀င်ရှ အင်ပါရီယာ နန်းမြို့တော်ကို သူတို့တွေ လှမ်းမြင်လိုက်ကြရပြီလေ။

“ဆရာက ငါ့ကို တော်၀င်ရှ အင်ပါရီယာ နန်းမြို့တော်ကို ပို့လိုက်တယ်လား..။ ဒါဆို ငါ့ရဲ့ဆရာ ဒန်ချိုင်ကို ၀င်တွေ့လိုက်ဦးမှပါ။”
နင်လည်း အင်ပါရီယာ နတ်ဘုရားကြီး ခုနစ်ဦးကို လှည့်ကြည့်လိုက်ပြီးတော့
“ငါ လောကသုံးပါးအတွင်းက သေမျိုးကမ္ဘာရဲ့ မြေမှုန်နီမှာ လေလွင့်ပြီးတော့ အတွေ့အကြုံ ရှာလိုက်ဦးမယ်။ တခုခု အရေးကြီးတာမရှိဘူးဆိုရင်တော့ မင်းတို့ခုနစ်ဦးလည်း ငါနဲ့အတူ အမြဲတမ်းလိုက်နေဖို့မလိုသေးဘူး..။ မင်းတို့တွေ ကြယ်တာရာဖမ်းနန်းတော်ကို ခဏပြန်လိုက်ကြဦးလေ။ တခြားအရေးကြီးတဲ့ ကိစ္စရှိတယ်ဆိုရင် စိတ်ဝိညာဉ်ဆက်သွယ်ခြင်းနဲ့ ငါလှမ်းပြီးတော့ ပြောလိုက်မယ်။”

“ဒါကတော့ လက်မခံနိုင်ပါဘူး။”

“နန်းတော်ရှင်ကို ကာကွယ်ပေးမဲ့ အစောင့်အရှောက်မရှိလို့ ဘယ်ဖြစ်ပါ့မလဲ..။”

ချက်ချင်းဆိုသလိုပဲ အားလုံးက သူ့ကို ဝိုင်းပြီး ကန့်ကွက်လိုက်ကြပါတော့တယ်။

“မင်းက အခုဆို ကြယ်တာရာဖမ်း နန်းတော်ရဲ့ နန်းတော်ရှင်ဖြစ်နေပြီလေ။ လေလွင့်တန်ခိုးရှင် မဟုတ်တော့ဘူး။”
နှင်းနီလည်း ထပ်ပြီးကန့်ကွက်လိုက်ပါတယ်။
“ငါတို့အားလုံးကိုလည်း လိုက်မလာစေချင်ဘူးဆိုရင်… ဒီလို လုပ်ပါလား..။ နိုင်းဖန်ကိုပဲ မင်းနဲ့အတူခေါ်သွားလိုက်လေ။”

နင်အံ့့အားသင့်လို့သွားပါတယ်။ နိုင်းဖန်ကို သူလှမ်းပြီးကြည့်လိုက်မိပြီလေ။

နိုင်းဖန်က အင်ပါရီယာ နတ်ဘုရားအဆင့်ကို နောက်ဆုံးမှ ရောက်ရှိခဲ့သူပါ။ တာအိုတန်ခိုးရှင် အသက်သုံးချောင်း အသက်ရှင်သန်နေစဉ်ကတုန်းက သူဟာ မြေကမ္ဘာအဆင့် ဖင်းဂေါ့ပဲ ဖြစ်ခဲ့သေးတယ်လေ။ ဒါပေမဲ့ သူက ရုပ်ပိုင်းဆိုင်ရာသွင်ပြင်အရ အအိုမင်းဆုံးလို ဖြစ်နေတယ်လေ။ နှင်းနီရဲ့ စကားကိုကြားလိုက်ရတော့ နိုင်းဖန်လည်း မြန်မြန်ပြောလာခဲ့ပါတယ်။
“နန်းတော်ရှင်… လောကသုံးပါးမှာ လေလွင့်သွားတာတဲ့အခါမှာ.. အသေးအဖွဲကိစ္စလေးတွေကို တွေ့ရတတ်ပါတယ်။ နန်းတော်ရှင်အနေနဲ့ အရာအားလုံးကို ကိုယ်တိုင် ဖြေရှင်းဖို့ မသင့်လျော်လှဘူးလေ။ ဟုတ်တယ်မလား..။”

Book 21 - 30Where stories live. Discover now