ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22
Chapter 6 (ကမ္မကုသိုလ် အကုသိုလ်)ကျောက်စိမ်းအိုတောင်တန်းက အရမ်းကိုကျယ်ပြောလွန်းပါတယ်။ ကီလိုမီတာ တစ်သန်းလောက်ကို ရှည်လျားလို့ပါ။ ဒါက ကမ္ဘာငယ်လေးပေါင်းများစွာနဲ့ အရွယ်ညီနေပြီလေ။ ပြောရရင် ကိုယ်တွေနေထိုင်တဲ့ မြေကမ္ဘာဟာဆိုရင် ကီလိုမီတာ လေးသောင်းလောက်သာ ကျယ်ပြောပါသေးတယ်။
တောင်ရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာတော့..
လူငယ်သုံးဦးအတူတူလမ်းလျှောက်လို့နေပါတယ်။ တစ်ဦးကတော့ တောင်ဝှေးရှည်ကြီးကိုကိုင်လို့ထားတဲ့ ကောင်မလေးဖြစ်ပြီး ဒုတိယ တစ်ဦးကတော့ ပုဆိန်ကြီးတစ်လက်ကို ထမ်းလာလို့ပါ။ တတိယတစ်ဦးကတော့ လေးကြီးတစ်ခုကို လွယ်လို့ထားပါတယ်။
“ဒီစမ်းသပ်စစ်ဆေးမှုမှာတော့ ငါတို့တွေ မဟာမျောက်မင်းမြို့တော်ရဲ့ ထိပ်ဆုံး ၁၀ ဦးထဲ သေချာပေါက်ကို ၀င်မှာကွ..။”
ပုဆိန်ကြီးကို ထမ်းလို့လာတဲ့ လူငယ်လေးက တက်ကြွစွာနဲ့ ပြောလိုက်ပါတယ်။
“ထိပ်တန်း ၁၀ ဦးထဲ စာရင်း၀င်မှ ကလန်တစ်ခုလုံးအတွက် ကျင်းပတဲ့ အဓိက ပြိုင်ပွဲထဲကို ငါတို့တွေ ၀င်နိုင်မှာလေ။ ဒီ အဓိက ပြိုင်ပွဲမှာ ငါတို့တွေ ရမှတ်ကောင်းခဲ့မယ်ဆိုရင်… ကလန်ရဲ့ အကူအညီအထောက်အပံ့ကို ငါတို့ရမှာပဲလေ။”“ဒီအခွင့်အရေးကို ငါတို့ ဆုံးရှုံးသွားရင်.. နောက်ထပ် ၁၀ နှစ်ထပ်ပြီး စောင့်ကြရမှာ.. ငါတို့တွေ ထပ်ပြီးမစောင့်နိုင်တော့တာ အမှန်ပဲ…”
လေးကြီးကို လွယ်လို့ထားတဲ့ ပ်ိန်ပိန်ပါးပါး လူငယ်လေးက ပြောလိုက်ပါတယ်။“ငါတို့တွေက ဇင်တျန်အဆင့်ရှိပေမဲ့လည်း သာမန် လူသားအဆင့်ပဲလေ။ ငါတို့ရဲ့ ဇီဖူကိုတည်ဆောက်ပြီးမှသာ တကယ့်တန်ခိုးရှင် ဖြစ်လာမှာလေ။”
၀တ်စုံနက်၀တ် ကောင်မလေးက ခေါင်းတညိတ်ညိတ်နဲ့ ပြောလိုက်တာပါ။မီးလျှံငယ်ကလန်က အရမ်းကို အစွမ်းထက်လွန်းတယ်လေ။ သူရဲ့ လူဦးရေဟာလည်း အံ့မခန်းကို များပြားတာကြောင့် ကလန်တွင်း တိုက်ခိုက်မှုတွေဟာလည်း အရမ်းကို ကြောက်မက်ဖွယ်ကောင်းလွန်းလှပါတယ်။