Book 21 Chp 19

44 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 21 
Chapter 19 (ကြီးကျယ်မြင့်မြတ်သော အင်မော်တယ် အမှောင်ကောင်းကင်ဘုံ)

“သူတို့တွေ သွေးကြွေးပြန်ဆပ်ရမယ်…”
နော့စွန်းလည်း အံ့အားသင့်စွာနဲ့ မတ်တတ်ထရပ်လိုက်ပြီး
“ဂိုဏ်းတူအစ်ကိုကြီး… ဒါက ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ ရန်ညှိုးပါ..။ ကျွန်တော် သေသွားရင်လည်း ကိစ္စမရှိဘူးလေ။ ဒါပေမဲ့ .. အစ်ကိုကြီး..။”

“ဘာမှ ထပ်မပြောနဲ့တော့…”

နင်လည်း ခေါင်းကို ခါယမ်းလိုက်ပါတယ်။ သူအဝေးကို လှမ်းကြည့်လို့နေဆဲပါ။
“မီးလျှံငယ်ကလန်ကို တိုက်ခိုက်ချင်နေတာ ကြာခဲ့ပြီ..။ အချိန်ကိုစောင့်နေခဲ့တာ…။ နှစ်ပေါင်းများစွာလည်း သည်းခံခဲ့ပြီးပြီ။ အခုတော့ အားလုံး ရှင်းဖို့ အချိန်တန်ပြီလေ။”

“ဂိုဏ်းတူအစ်ကိုကြီး…”
နော့စွန်းလည်း စိတ်ပူလို့သွားပါတယ်။ သူ့ရဲ့ ရင်ထဲမှ အဆုံးအစမဲ့ မုန်းတီးခြင်းတွေသာ ပြည့်လို့နေပေမဲ့.. မီးလျှံငယ်ကလန်က ဘယ်လောက်တောင် အစွမ်းထက်လည်းဆိုတာကို သူသိထားတယ်လေ။ ကောင်းကင်အင်မော်တယ် လေးဦးနဲ့ ရင်ဆိုင်ရတဲ့ တိုက်ပွဲမှာ… သူ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးနဲ့ မီးလျှံငယ်ကလန်တို့ အင်အားက တော်တော်ကြီးကို ကွာခြားနေသေးတာကို သူသတိထားမိခဲ့ပါတယ်။ ဒါကြောင့်.. နင် အန္တရာယ်နဲ့ တွေ့မှာကို သူမလိုလားခဲ့ပါဘူး။

“အစ်ကိုကြီးကို စောင့်နေချေ..”
နင်လည်း ချက်ချင်းပဲ လှည့်ထွက်သွားပါတော့တယ်။

၀င်္ကဘာ အပြင်ဘက်မှာ နင်ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့ပါပြီ။ နော့စွန်းအနေနဲ့ ဘယ်လောက်ပဲ ဒေါသတွေ ထွက်နေနေ.. သူဘာမှ မတတ်နိုင်ဘူးလေ။

“ဦးလေးဖြူ…”
တောက်ပသော နှလုံးသားကျွန်းရဲ့ ကမ်းခြေတစ်ခုထက်မှာ နင်လျှောက်လှမ်းနေလို့ပါ။ ရေမြေခွေးဖြူကြီးက ကမ်းခြေတစ်နေရာမှ လဲလျောင်းပြီး ကန်ရေပြင်ကို ငေးမောနေတာ နင်တွေ့လိုက်ပါတယ်။

“နင်သားလေး..”
ရေမြေခွေးဖြူကြီးလည်း မတ်တတ်ထရပ်လိုက်ပြီး
“ရတနာတွေ ရောက်လာပြီလား..။”

Book 21 - 30Место, где живут истории. Откройте их для себя