Book 24 Chp 16

43 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 16 (ကလေးယူကြမယ်လေ။)

သီးသန့်ခန်းထဲမှာတော့..

အဇူရာ၀တ်စုံနဲ့ ကောင်မလေးလည်း အမွှေးတိုင်ကို ထွန်းလိုက်ပါပြီ။ မီးလျှံငယ် ရုပ်ဆိုးကြီးပူးပေါင်းလာတဲ့အတွက် သူမ အလွန်ကို စိတ်ပျော်ရွှင်နေခဲ့ပြီလေ။ ဒါကြောင့် သူမအနေနဲ့ အိပ်မောကျဖို့ အချိန်နည်းနည်းကြာခဲ့ပါတယ်။

အိပ်မက်ထဲမှာတော့..

ဒါကတော့ အလွန်ကို ကျယ်ပြောတဲ့ အမှောင်ထု ကမ္ဘာတစ်ခုပါ။ ၀တ်စုံနက်၀တ် ကောင်မလေးတစ်ဦး ရုတ်တရက်ပေါ်ထွက်လာခဲ့ပါပြီ။

“အဲ.. ဘာဖြစ်လို့…”
ယုဝေ မျက်နှာပျက်သွားခဲ့ပါတယ်။ သူမကို ဒီနေရာဆီ ဆင့်ခေါ်လိုက်တယ်ဆိုတာကို နားလည်သွားခဲ့ပြီလေ။ ပတ်၀န်းကျင်ကို  ကြည့်လိုက်တဲ့အခါမှာတော့.. အဇူရာ၀တ်စုံကို ၀တ်ဆင်ထားတဲ့ ကောင်မလေးတစ်ဦး သူမဆီ လျှောက်လှမ်းလာနေခဲ့ပါပြီ။

“တမန်တော်ကို ဂါ၀ရပြုပါတယ်ရှင်..”
ယုဝေလည်း ချက်ချင်းပဲ လေးစားစွာနှုတ်ခွန်းဆက်သလိုက်ပါတယ်။

“ယုဝေ… မတွေ့တာကြာပြီနော်..။”
အဇူရာ ၀တ်စုံနဲ့ ကောင်မလေးက ပြုံးရွှင်စွာနဲ့..
“မင်းရဲ့ နောက်ဆုံးတာ၀န်ထမ်းဆောင်စဉ်က အရမ်းကို ပြီးပြည့်စုံခဲ့တယ်လေ။ ငါတို့ မင်းကို နောက်ထပ် တာ၀န်တစ်ခု ပေးအပ်မလို့..။”

ယုဝေလည်း ရင်ထိတ်သွားပါတော့တယ်။

သူမရဲ့ နောက်ဆုံး တာ၀န်က ကောင်းကင်အင်မော်တယ် ခါးကုန်ကြီးမွန့်ကို ဖမ်းဆီးစဉ်ကလေ။ ဒါပေမဲ့ သူမအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ဖမ်းဆီးရတာ မဟုတ်ပါဘူး။ နည်းနည်းလေး ကူညီပေးခဲ့ရုံပါ။ အဲတုန်က သာမန် တာ၀န်တစ်ခုပဲလေ။ ယုဝေအနေနဲ့ ရိုးရိုးရှင်းရှင်း ကိစ္စလေးတွေသာ ဆောင်ရွက်ခဲ့ရတဲ့အတွက် ဘယ်သူမှ မရိပ်မိလိုက်ကြပါဘူး။

“တမန်တော်..ပြောလေ။”
ယုဝေလည်း လေးစားစွာ ပြောလိုက်ပါတယ်။

“ဒီတစ်ခေါက်တော့ မင်းရဲ့ တာအိုလက်တွဲဖော်နဲ့ ပတ်သက်နေတယ်။ ဂျိနင်လေ။”
အဇူရာ၀တ်စုံနဲ့ ကောင်မလေးလည်း ယုဝေရဲ့ တုန့်ပြန်မှုကို သေချာ စောင့်ကြည့်နေခဲ့ပါတယ်။

Book 21 - 30Hikayelerin yaşadığı yer. Şimdi keşfedin