Book 24 Chp 4

43 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 4 (မိဘနှစ်ပါးရဲ့ အရင်ဘ၀နဲ့ လက်ရှိဘ၀)

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ယန်ဘုရင်ကို သူ့အဖေဂျိရီချွမ်နဲ့ သူ့အမေ ယူချီစနိုးတို့ ပြန်လည်မွေးဖွားခြင်းနဲ့ ပတ်သက်ပြီး ရှာဖွေခိုင်းခဲ့တယ်လေ။ သူက အကူအညီတောင်းပြီးတာနဲ့ တပြိုင်တည်း မီးလျှံငယ်ကလန်နဲ့ တိုက်ခိုက်ဖြစ်ခဲ့ပြီး နီဟီလမ် နယ်မြေထဲ ပို့ဆောင်ခံလိုက်ရပါတယ်။ ယန်ဘုရင်လည်း သူရှာတွေ့ခဲ့တဲ့အကြောင်းကို ပြန်ပြောပြဖို့ အခွင့်မသာခဲ့တော့ဘူးလေ။

“ငါ ရှာတွေ့ပြီလေ။”
ယန်ဘုရင်ခေါင်းည်ိတ်ပြလိုက်ပါတယ်။

“ကောင်းတာပေ့ါ..။ ဘယ်လောက်တောင် ကောင်းလဲ..။”
နင်လည်း ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ခဲ့ပါဘူး။

နင်ရဲ့ နှလုံးသားထဲမှာတော့ … သူမိခင် ယူချီစနိုးနဲ့ သူ့ဖခင် ဂျိရီချွမ်တို့က သူ့အတွက် အရေးအကြီးဆုံးလူသားတွေပဲလေ။ သူ့ရဲ့ တာအိုလက်တွဲဖော် ယုဝေတောင်မှ သူ့မိဘတွေလောက် အရေးမကြီးပါဘူး။ နင်ရဲ့ နှလုံးသားထဲမှာ အရင်မြေကမ္ဘာတုန်းက မိဘတွေကလည်း ဂျိရီချွမ်နဲ့ ယူချီစနိုးတို့ကို မှီဖို့ နည်းနည်းလိုပါသေးတယ်။ သူ့အရင်ဘ၀တုန်းကဆို သူ့ဖခင်က အမြဲတမ်း အလုပ်ကိစ္စတွေနဲ့ ရှုပ်နေတဲ့အတွက် နင်အနေနဲ့ သူ့ကို တခါတရံမှသာ တွေ့ဆုံခဲ့ဖူးတယ်လေ။ သူ့မိခင်ကျတော့ နင်ကို အမြဲတမ်း အကောင်းဆုံး  ဂရုစိုက် ပြုစုခဲ့ပါတယ်။ သူ့နှလုံးသားထဲမှာ ဒီမှတ်ဥာဏ်တွေကို သေချာမှတ်ကျောက်တင်ထားခဲ့ပြီးသားပါ။

ဒါပေမဲ့ .. ဒီဘ၀မှာကျတော့…

သူ့မိခင်က သူ့ကို မွေးဖွားဖို့အတွက် အသက်အင်အားကို စတေးခဲ့ရတယ်လေ။ သူ့ကို ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်စေဖို့အတွက်.. နှင်းနဂါးတောင်နဲ့ ရန်ကြွေးရှိနေတာ နင်ကို  မပြောပြခဲ့ပါဘူး။ ပြီးတော့ ယူချီကလန်ကို ဖျက်ဆီးသွားတဲ့ ရန်သူတော်အကြောင်းကိုလည်း ဖွင့်မပြောသွားခဲ့ဘူးလေ။

သူ့အဖေကလည်း အပြင်ပန်း အေးစက်စက်ပေမဲ့လည်း… ဂျိနင်အပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာဟာ ယူချီစနိုးရဲ့ မေတ္တာအတိုင်း ကြီးမားပါတယ်။ ဓားသိုင်းကို ကိုယ်တိုင် သင်ကြားပေးခဲ့သလို သူ့ကို ကာကွယ်ပေးဖို့လည်း အမြဲစီစဉ်ခဲ့တယ်လေ။ သူက နင်ကို ကာကွယ်နိုင်စွမ်းမရှိတော့တဲ့အခါမှာတော့ ယူချီစနိုးနဲ့ တမလွန်မှာတွေ့ဆုံဖို့ ပြန်သွားခဲ့ပါတော့တယ်။

Book 21 - 30Where stories live. Discover now