Book 22 Chp 11

48 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22 
Chapter 11 (မီးလျှံငယ်ကလန်ရဲ့ တည်ထောင်သူ..)

ကျောက်စိမ်းအိုတောင်တန်း နယ်မြေရဲ့ ချောက်နက်ကြီးတွေ အထက်မှာတော့ လူရိပ်လေးခု ပေါ်ထွက်လာခဲ့ပြီလေ။ ခေါင်းဆောင်ကတော့ ရွှေရောင်၀တ်စုံကို ၀တ်ဆင်ထားတဲ့ ချိုတစ်ချောင်းရှိလို့နေတဲ့ လူကြီးပါ။ သူ့အကြည့်တွေဟာ ရေခဲတမျှကို အေးစက်လို့နေပါတယ်။ သူ့အနောက်မှာတော့ နောက်ထပ် ၃ ဦး ရပ်လို့နေပါတယ်။ ၀တ်စုံနက်နဲ့ ကတုံးကြီး ကောင်းကင်အင်မော်တယ် မိုးနက်၊ ရွှေရောင်ဆံပင်နဲ့ ကောင်းကင်အင်မော်တယ် မိန်းကလေး ရွှေတိမ်တိုက် နဲ့ ကောင်းကင်အင်မော်တယ် အာကေနမ်တို့ပါ။

ကောင်းကင်အင်မော်တယ်ကြီး ၃ ဦးလုံးက ဒီပုဂ္ဂိုလ် အနောက်ပါးမှာ အမိန့်နာခံဖို့ အသင့်ရပ်လို့နေကြပါတယ်။

“ဒီချိုနဲ့လူက ဘယ်သူတုန်း…”

“အဲ့ဒါ ဂိုဏ်းချုပ်ကြီး အာကေနမ် မဟုတ်ဘူးလား…။ ဘာဖြစ်လို့ ဂိုဏ်းချုပ်ကြီး အာကေနမ်က ဒီလူအနောက်မှာ ဒီလောက်အထိ တရိုတသေ ရပ်နေရတာလဲ..။ ဂိုဏ်းချုပ်ကြီးအာကေနမ် ဘေးနားက နှစ်ယောက်ကလည်း အရမ်းကို ရိုကျိုးနေလိုက်ကြတာ...။ ပြီးတော့ သူတို့ရဲ့ အရှိန်အဝါအရဆို.. ဒါ ကောင်းကင်အင်မော်တယ်တွေပဲဖြစ်ရမယ်။”

မီးလျှံငယ်ကလန်ရဲ့ လွတ်မြောက်အင်မော်တယ်တွေဟာ အဝေးကနေ တိုက်ပွဲကိုကြည့်ရင်း ပြောနေကြတာပါ။

ခုနကပဲ ကောင်းကင်အင်မော်တယ် ငါးဦးရောက်လာတာ သူတို့ မြင်ပြီးပြီလေ။ အခု..နောက်ထပ် လေးဦး…။

ဂိုဏ်းချုပ်ကြီး အာကေနမ်ကိုတော့ သူတို့မှတ်မိကြပါတယ်။ မီးလျှံငယ်ကလန်အတွင်း သူရဲ့ရာထူးက အရမ်းကို ကြီးကျယ်မြင့်မြတ်တယ်လေ။ ပြောရရင် သူတို့တွေက သူနဲ့ တခါတလေတောင် ဆုံတွေ့ခဲ့ဖူးပါတယ်။ အခုတော့ ကောင်းကင်အင်မော်တယ်ကြီး အာကေနမ်က ချိုတစ်ချောင်းနဲ့ လူကြီးအပါးမှာ ရိုရိုကျိုးကျိုး ရပ်နေလို့ပါ။ တခြားကောင်းကင်အင်မော်တယ် နှစ်ဦးကလည်း အလားတူ ပြုမူနေတယ်လေ။ ဒါကြောင့် သူတို့အတွေးတွေ ဂယောက်ဂယက် ဖြစ်လို့ နေခဲ့ကြပါတယ်။

Book 21 - 30Where stories live. Discover now