Book 24 Chp 7

46 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 7 (ပြည်ဖုံးကားဖွင့်ချေပြီ)

တာအိုတန်ခိုးရှင်ရေခဲ ဒူးထောက်လျက်ပါ။ သူ့တစ်ကိုယ်လုံးကို ရေခဲရေနဲ့ လောင်းချခံလိုက်ရသလို ကျောထဲထိအောင် အေးစိမ့်မှု ခံစားလိုက်ရပါတယ်။ သူ့မျက်နှာလည်း လုံး၀ကို ဆွတ်ဆွတ်ဖြူနေခဲ့ပါပြီ။ သူ့ကို သတ်မယ်။ နှိပ်စက်မယ်။ သူ့ရဲ့ စိတ်ဝိညာဉ်ကိုကော..။ တာအိုတန်ခိုးရှင် ရေခဲလည်း ချက်ချင်း ဦးခေါင်းကွဲမတတ်ကို မြေပြင်နဲ့ဖိကပ်ပြီး ရှိခိုးကန်တော့ပါတော့တယ်။ သူ့ဦးခေါင်းထက် သွေးတွေလည်း စီးကျလာခဲ့ပါပြီ။ သူကြေကွဲတုန်လှုပ်စွာ အော်ဟစ်လိုက်ပါတယ်။

“ဂိုဏ်းချုပ်ကြီး… ဂိုဏ်းချုပ်ကြီး… ဆရာကြီးတို့ နှစ်ဦးခင်ဗျာ… ကျွန်တော့ကို ချမ်းသာပေးပါခင်ဗျာ..။ ချမ်းသာပေးပါခင်ဗျာ..။ ဆရာကြီးတို့ကို ကျွန်တော် တခါလေးမှ အပြစ်မပြုဖူးခဲ့ပါဘူးခင်ဗျာ..။ ဒီဆရာကြီး ဂျိနင်ကို ကျွန်တော် တကယ် မသိတာပါခင်ဗျာ..။ ကျွန်တော် စွပ်စွဲခံရတာပါ.. စွပ်စွဲခံရတာပါ။”

ဂျိနင်လည်း တုန်လှုပ်ခြောက်ခြားနေတဲ့ တာအိုတန်ခိုးရှင် ရေခဲကို အေးစက်စက်အကြည့်နဲ့ ကြည့်နေခဲ့ပါတယ်။ သူ့ကိုကြည့်ရတာ အလွန်ကို အေးဆေးတည်ငြိမ်နေသလိုပါ။

ယန်ဘုရင်ကတော့ စကားစပြောလိုက်ပါတယ်။
“မင်း သေသင့်တယ်လို့ ငါပြောရင်.. မင်းသေသင့်လို့ပဲ။”

တာအိုတန်ခိုးရှင် ရေခဲလည်း အလွန်ကို ရင်တုန်ခြောက်ခြားသွားခဲ့ပါပြီ။

အမှန်ပဲလေ။

ဂိုဏ်းချုပ်ကြီး ပန်းမွန့်လို ပုဂ္ဂိုလ်ကြီးတောင်မှ သူတို့နှစ်ဦးကို ဒီလောက် ရိုသေလေးစားနေမှတော့… သူတို့အနေနဲ့ သူ့ကို သတ်ချင်ရင် အကြောင်းပြချက်ပေးစရာ လိုသေးလို့လား..။

၀တ်စုံ၀ါ ၀တ်ဆင်ထားတဲ့ လူကြီးလည်း ဒူးထောက်နေလို့ပါ။ သူ့သားကို အလွန်ချစ်ပေမဲ့လည်း ..အခုအချိန်မှာတော့ စကားတစ်ခွန်းတောင် သူ၀င်မပြောရဲပါဘူး။ အခုအခြေအနေက ဘယ်လောက်တောင် ဆိုးရွားနေလည်းဆိုတာကို သူသေချာနားလည်ပါတယ်။

Book 21 - 30Where stories live. Discover now