Book 27 Chp 17

42 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 27
Chapter 17 (ရွေးချယ်စရာ)

ယုဝေရဲ့ အချစ်ကို ဂျိနင် ဘယ်တုန်းကမှ သံသယ မ၀င်ခဲ့ဖူးပါဘူး။ သူတို့ နှစ်ဦးအတူရှိနေချိန်မှာတော့…. သူမရဲ့ နှလုံးသားကို သူတကယ်ပဲ ခံစားမိခဲ့ရတယ်လေ။ သူ့ရဲ့ မိဘတွေ ဆုံးပါးသွားခဲ့ပြီဖြစ်ပေမဲ့လည်း သူမကြောင့် နွေးထွေးမှုကို တဖန်ပြန်ပြီး သူခံစားမိခဲ့ပါတယ်။ ဒါက ပုံမှန် ရိုးရှင်းတဲ့ အချစ်တစ်ခုထက်ကျော်လွန်သွားခဲ့ပြီလေ။ တကယ်ကို နက်ရှိုင်းစွာ ချစ်မြတ်နိုးမိမှသာ ဒီလို နွေးထွေးမှုကို ခံစားမိမှာပါ။

ဒါပေမဲ့….

နင်မမေ့နိုင်ခဲ့တဲ့ အရာနှစ်ခု ရှိနေခဲ့ပါတယ်။

တာအိုတန်ခိုးရှင် အသက်သုံးချောင်းရဲ့ အမွေအနှစ်ကြောင့်သာ မဟုတ်ဘူးဆိုရင်.. အားနည်းတဲ့ အချိန်ကတည်းကကို သူသေဆုံးသွားခဲ့ပြီလေ။

ပြီးတော့ အင်ပါရီယာ နတ်ဘုရားကြီး ခုနစ်ဦးကြောင့်သာ မဟုတ်ဘူးဆိုရင်… သူသေဆုံးသွားခဲ့လောက်ပါပြီ။

သူ့ရဲ့ ဆရာရွှီးဖူတိကြောင့်သာ မဟုတ်ဘူးဆိုရင် နီဟီလမ် နယ်မြေထဲမှာ သူသေဆုံးသွားလောက်ပြီလေ။

သူ့ရဲ့ ဆရာ အင်မော်တယ် ဒန်ချိုင်၊ ဂိုဏ်းတူညီလေး မူနော့စွန်း… သူတို့တွေကလည်း အက်ကြောင်းမဲ့ဂိတ်ကို အတိုင်းအဆမဲ့ မုန်းတီးနေခဲ့ကြပြီလေ။

သူ့မိခင်၊ ဖခင်…. သူတို့အားလုံးရဲ့ အခြေအနေက ယုဝေထက်တောင် ပိုဆိုးနေခဲ့ပါပြီ။ သူတို့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က ကံကြမ္မာမြစ်ကြီးထဲ ပြန်လည်၀င်ရောက်သွားခဲ့ပြီလေ။ မိခင်နွီဝါးကလည်း ကမ္ဘာဦးပျက်စီးခြင်း အဆုံးအစမဲ့ စကြ၀ဠာထဲ ၀င်ရောက်ပျောက်ကွယ်သွားခဲ့တာ ဒီနေ့အချိန်အထိကို ပြန်ရောက်မလာခဲ့သေးဘူးလေ။

မိခင်နွီဝါးကို ပြန်ခေါ်နိုင်ဖို့..

မိခင်နွီဝါးအဆင့်ကိုရောက်၇ှိနိုင်ဖို့…

ဒီလို ဖြစ်လာဖို့က အရမ်းကို ခက်ခဲလွန်းတဲ့ကိစ္စပါ။ အက်ကြောင်းမဲ့ဂိတ်ကို အနိုင်ယူဖို့ထက်တောင် ပိုပြီးခက်ခဲကောင်း ခက်ခဲပါလိမ့်မယ်။

Book 21 - 30Where stories live. Discover now