Book 25 Chp 7

47 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 25 
Chapter 7 (ဘ၀တစ်ခု .. နှစ်ပေါင်းသန်းသုံးဆယ်)

မိစ္ဆာနှလုံးသားကမ္ဘာထဲမှာတော့… ကြာပန်းကိုးပွင့်ဟာ နင်ကို စိတ်၀င်တစားလာတွေ့ခဲ့ပါတယ်။ အခုတော့ ကြာပန်းကိုးပွင့်ဟာ အရွယ်ရောက်ပြီး လှပလို့ ကျက်သရေအပေါင်းပြည့်စုံနေခဲ့ပါပြီ။ နင်ကိုတွေ့မြင်လိုက်ရတဲ့ တခဏမှာပဲ ဘာအကြောင်းပြချက်မှမရှိပဲနဲ့ အရမ်းကို ရင်းနှီးတယ်လို့ ခံစားမိလိုက်ပါတယ်။ နင်ကတော့ အသင့်အနေအထားနဲ့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အနေနဲ့ ဒီမစ္ဆာနှလုံးသား ကမ္ဘာထဲ နစ်မြုပ်သွားလို့ မဖြစ်ဘူးလေ။ နစ်မြုပ်သွားတယ်ဆိုတာနဲ့ ဒီကမ္ဘာကို သူ့နှလုံးသားက လက်ခံလိုက်တာဖြစ်သွားပါပြီ။

မိစ္ဆာနှလုံးသား ကမ္ဘာကို အရမ်း နှစ်သက်သွားခဲ့တာက တစ်ကယ့်လောကကို ကျောခိုင်းသွားတာနဲ့ အတူတူပဲလေ။

မိစ္ဆာနှလုံးသား ကမ္ဘာထဲ နစ်မြုပ်ခွင့် ပြုလိုက်တာနဲ့ အပြင်လောကက ခန္ဓာကိုယ်ဟာ  လုံး၀ကို ပျောက်ကွယ်သွားရမှာပါ။

မိစ္ဆာနှလုံးသား ကမ္ဘာထဲမှာတော့..သူ့မိဘတွေအားလုံးဟာ အသက်ရှင်သန်နေပါသေးတယ်။ သူ့အတွက် နာကြည်းကြေကွဲစရာ လုံး၀ကို မရှိတဲ့ကမ္ဘာပါ။ ပြောရရင် သူ့နှလုံးသားက ဒီကမ္ဘာကို တော်တော်လေး နှစ်သက်နေခဲ့ပြီလေ။  ဒါပေမဲ့ နှလုံးသားအင်အားမှာ အုပ်ချုပ်သူအဆင့်ကို ရောက်ခဲ့ပြီဖြစ်လို့.. သူဘယ်လိုပဲ  တွေးတွေး.. နှစ်သက်ခြင်း ခံစားရ ခံစားရ… ခံစားချက်တွေ စိတ်ထဲ ဖြစ်ပေါ်လာခဲ့ လာခဲ့… နင်ဟာကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ပါတယ်။ ဒီမိစ္ဆာနှလုံးသား ကမ္ဘာက အရာအားလုံးဟာ ပုံရိပ်ယောင်ထက် မပိုဘူးလို့ ကိုယ့်ကိုယ်ကိုယ် နင်အမြဲ သတိပေးနေခဲ့တယ်လေ။

“ငါ့မိဘတွေနဲ့ ပတ်သက်တဲ့ ခံစားချက်က မိစ္ဆာနှလုံးသား ကမ္ဘာမှာ တော်တော်လေးကို အကျိုးသက်ရောက်မှု ရှိနေခဲ့ပြီ။ ကြာပန်းကိုးပွင့်နဲ့ ယုဝေတို့ကိုပါ ဒီထဲ ထည့်မပေါင်းသင့်တော့ဘူး။”
ဒီကိစ္စတွေပါ ပတ်သက်လာရင် သူ့ရဲ့ မိစ္ဆာနှလုံးသား စမ်းသပ်စစ်ဆေးခြင်းဟာ  အရမ်းကို အန္တရာယ် များလာတော့မှာ အမှန်ပါ။

Book 21 - 30Where stories live. Discover now