Chp 584 ( သဲထဲရေသွန်)

39 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 584 (သဲထဲရေသွန်)

ဒါကတော့ မီးလျှံတွေသာ ရှိလို့နေတဲ့ ကမ္ဘာကြီးပါ။ ပြောရရင် ကောင်းကင်ဘုံနဲ့ ငရဲပြည်ထက်တောင် နည်းနည်းလောက် ပိုပြီးကျယ်ပြောတယ် ပြောလို့ရပါတယ်။ ဒီ ကမ္ဘာကြီးက တော်၀င်ရှ ကမ္ဘာကြီးထက်ကို အဆတစ်ရာလောက် ကျယ်၀န်းတယ်လေ။

ဒီနယ်မြေကတော့ လူသားတို့ရဲ့ မြင်မြတ်သောနယ်မြေပါ..။

ဒီကမ္ဘာကြီးကို အစွမ်းအထက်ဆုံးနဲ့ အသက်အကြီးဆုံး လူသားဖြစ်တဲ့ ဆူရီယန်က ကိုယ်တိုင်တည်ဆောက်ခဲ့တာလေ။

မိခင်နွီဝါးက လူသားမျိုးနွယ်စုတွေကို ဖန်တီးလိုက်စဉ်တုန်းက… သူတို့တွေဟာ အလွန်ကို အားနည်းခဲ့ကြပါတယ်။ ဆူရီယန်က ဒီအစောဆုံးသော နေ့ရက်တွေကတည်းက ရှင်သန်နေခဲ့သူပါ။ သူဟာအလွန်ကို အားနည်းခဲ့ပေမဲ့လည်း…  မီးလျှံကို ထိန်းချုပ်တဲ့ နည်းပညာကို သူ့ရဲ့ မျိုးဆက်တွေဆီ လက်ဆင့်ကမ်းပေးခဲ့ရုံမက… အားနည်းတဲ့ လူသားမျိုးနွယ် တစ်ခုလုံးကို ပေါင်းစည်းလိုက်ပြီးတော့ အုပ်ချုပ်ခဲ့ပါတယ်။ လူသားမျိုးနွယ်စုတွေအားလုံးကို ဖင်းဂေါ့ခေတ်ကနေ ဒီနေ့ခေတ်အထိ ဆက်ပြီးရှင်သန်လာစေဖို့ သူခေါင်းဆောင်ပေးခဲ့တာပါ။ ဆူရီယန်ဟာ အလွန်ကို ပါရမီမြင်မားသူဖြစ်ပြီးတော့ အလွန်ကိုလည်း စိတ်ဓာတ်တည်ကြည်ခိုင်မာသူပါ။ သူကိုယ်တိုင်နဲ့ သူ့ရဲ့ မျိုးနွယ်စုအတွက် တကယ့်ကို အံ့မခန်း လမ်းစဉ်တွေ ချမှတ်ပေးခဲ့တယ်လေ။

သူဟာ လူသားမျိုးနွယ်စုရဲ့ အကြီးကျယ် အမြင့်မြတ်ဆုံးသော မဟာဧကရာဇ်တစ်ဦးဖြစ်ပြီးတော့… ဧကရာဇ်သုံးပါးရဲ့ ခေါင်းဆောင်ပါ။

ဆူရီယန်ဟာ နှိမ့်ချနေထိုင်တတ်သူတစ်ဦးဖြစ်ပါတယ်။ သူက ကမ္ဘာဦးပျက်စီးခြင်း စကြ၀ဠာထဲ မကြာခဏ လှည့်ပတ်သွားလာတတ်တဲ့အပြင်ကို အလွန်ကိုကြီးမားလှတဲ့ အဓိက ကမ္ဘာကြီးတစ်ခုကိုလည်း တည်ဆောက်ခဲ့တယ်လေ။ ဒီ ကမ္ဘာကြီးကတော့ တယ်ယန်မီးလျှံ အဓိက ကမ္ဘာကြီးပါ..။ ဒါက လူသားမျိုးနွယ်စုတွေအားလုံးရဲ့ မြင့်မြတ်သောနယ်မြေပဲလေ။ ဒီကမ္ဘာကြီးရဲ့ အရွယ်အစားကို ကြည့်ပြီးတော့ တည်ဆောက်ခဲ့သူရဲ့ အစွမ်းကို ခန့်မှန်းလို့နိုင်ပါတယ်။ ဆူ၇ီယန်ရဲ့ တယ်ယန်မီးလျှံ ကမ္ဘာကြီးဟာ နွီဝါးရဲ့ ကမ္ဘာကြီးပြီးရင် ဒုတိယအဆင့်မှာ ရှိနေလို့ပါ။

Book 21 - 30Where stories live. Discover now