Chp 587 ( မဟာကျင့်စဉ်ကြီး ခုနစ်ခု)

39 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 587 (မဟာကျင့်စဉ်ကြီး ခုနစ်ခု)

သန့်စင်သောယန် စွမ်းအင်က ပိုပြီတော့ သင့်တော်နေခဲ့ပါတယ်။ ပဉ္စမမြောက် ကျင့်စဉ်၊ ဆဌမမြောက် ကျင့်စဉ်… သတ္တမမြောက်ကျင့်စဉ်..အားလုံးကို နင်ရရှိခဲ့ပါပြီ။

နင်ရဲ့မျက်လုံးတွေ နီရဲနေခဲ့ပြိလေ။ သူ့ရဲ့ အင်အားအားလုံးကို ဒီကျင့်စဉ်လေးတွေရရှိဖို့ အသုံးပြုခဲ့ရတယ်လေ။ နင်အခုဆို တကယ်ပဲ ရင်သပ်ရှုမော ဖြစ်နေခဲ့ပါတယ်။

တချို့ဆိုရင် လောကသုံးပါးရဲ့ အစွမ်းအထက်ဆုံးသော မဟာပညာရပ်တွေနဲ့တောင် ယှဉ်လို့ရနေတယ်လေ။ တချို့ဆိုရင်တော့ လောကသုံးပါးရဲ့ ကျင့်စဉ်အားလုံးထက်တောင် ကျော်လွန်လို့နေခဲပါပြီ။

ပထမကျင့်စဉ်ကတော့ တောင်ဝူဆယ့်ရှစ် ဖင်းဂေါ့.. ဒီကျင့်စဉ်ကြောင့် နင်ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ရတယ်လေ။

ဒုတိယ ကျင့်စဉ်ကတော့ ပိုးကောင်ပိုးပါး အဖြေကျမ်းပါ..။  ဒါကလည်း အရမ်းကို အစွမ်းထက်လွန်းတယ်လေ။ ဒါပေမဲ မုန်တိုင်းက ကျဆင်လာခဲ့ပြီဖြစ်တာကြောင့်… နင့်မှာ အောင်မြင်အောင် ကျင့်ကြံဖို့ အချိန်မပေးနိုင်တော့ဘူးလေ။

တတိယမြောက် ကျင့်စဉ်ကတော့..အပြစ်သားလက်နက်ပါ။ ဒါက ဖင်းဂေါ့တွေရဲ့ သွေးလက်နက် တည်ဆောက်ပုံနဲ့ ဆင်တူပါတယ်။ သတ်ဖြတ်ခံလိုက်ရတဲ့ ရန်သူတွေရဲ့ ကျန်ရစ်ခဲ့တဲ့ မုန်းတီးမှုတွေ ခါးသီးနာကျင်မှုတွေအားလုံးကို စုပ်ယူပြီးတော့ လက်နက်ပြုလုပ်တာပါ။ ဒီလက်နက်တွေကလည်း တကယ့်ကို ကြောက်စရာကောင်းအောင် အစွမ်းထက်ကြပါတယ်။ ပြောရမယ်ဆိုရင် သွေးလက်နက် ပြုလုပ်ပုံဟာ တကယ်ကို အကြမ်းထည်ဆန်နေသေးပါသေးတယ်။ အပြစ်သားလက်နက်ကတော့ သွေးလက်နက် ပြုလုပ်ခြင်းနည်းထက် အဆထောင်ပေါင်းများစွာကို ပိုပြီးလေးနက်ဆန်းကြယ်နေခဲ့ပြီလေ။ ဒီလက်နက်တွေကြောင့် ချက်ချင်းကို အစွမ်းတွေ တိုးလာမှာပါ။ အပြစ်သားလက်နက်ကျင့်စဉ်နဲ့ ပြုလုပ်ထားတဲ့ လက်နက်တွေဟာ ပျက်စီးခြင်း လက်နက်တွေ ဖြစ်လာဖို့အတွက်လည်း အလားအလာကောင်းကောင်း ရှိနေခဲ့ပြီလေ။

Book 21 - 30Where stories live. Discover now