Chp 618 ( သူတို့ဦးညွတ်ခဲ့ပြီ)

41 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 30
Chapter 618 (သူတို့ ဦးညွတ်ခဲ့ပြီ…)

နတ်ဘုရား ဘုရင်လည်း ထာ၀ရ သစ်သားကို မြန်မြန်ပဲ ရှင်းပြလိုက်ပါတော့တယ်။
“ဂျိနင်ရဲ့ မိန်းမ နာမည်က ယုဝေပါ.. သူမက နွီဝါးမဟာမိတ်အဖွဲ့ထဲ ကျွန်တေ်ာတို့ ထည့်ထားတဲ့ သူလျှိုတွေအများကြီးထဲက တစ်ဦးလေ။ သူတို့နှစ်ဦးက တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ ခံစားချက် အရမ်းကို နက်ရှိုင်းလွန်းခဲ့တယ်။ ဂျိနင်ကို သွားသတ်ဖို့ ယုဝေကို ကျွန်တော် အမိန့်ပေးဖူးခဲ့တယ်။ ဒါပေမဲ့ သူမက ငြင်းဆိုခဲ့တယ်လေ။ အခုအချိန်မှာတော့ ကျွန်တော် သူမကို အရမ်းပဲ သတ်ပစ်ချင်နေတာ.. ဒါပေမဲ့ မုန်တိုင်းက ကျဆင်းလာခဲ့ပြီဖြစ်သလို သူမကို စွမ်းဆောင်နိုင်တဲ့ လူတွေကလည်း ရှားတယ်လေ။ ဒါကြောင့် ချမ်းသာပေးဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။”

“သွေးနီလောကစစ်ပွဲမှာ ယုဝေက တေ်ာတော်အကျိုးဆောင်ပေးခဲ့တယ် ပြောလိုရပါတယ်ခင်ဗျာ… ကျွန်တော်လည်း သူမရဲ့ စိတ်ဝိညာဉ်ကို ပြန်ပြီးတော့ ခေါ်လာခဲ့ပါတယ်။ စစ်ပွဲအတွင်းမှာ ဂျိနင်ရဲ့ နှလုံးသားအင်အားက စတုတ္ထမြောက်အဆင့်ကို ရောက်သွားခဲ့တာလေ။ ဒါကြောင့်လည်း သွေးနီလောက စစ်ပွဲအဖြေကို သူက လုံးဝပြောင်းလဲပစ်လိုက်နိုင်ခဲ့တယ်။ သူ့ရဲ့ ပါရမီက ကြောက်စရာကောင်းလောက်အောင် မြင့်မားနေတာအပြင်ကို ယုဝေကိုလည်း နက်ရှိုင်းစွာ ချစ်မြတ်နိုးတာ တွေ့ခဲ့ရတော့ သူ့ကို ရွေးချယ်စရာ ကျွန်တော်ပေးခဲ့တယ်။ သူ့အနေနဲ့ အက်ကြောင်းမဲ့ဂိတ်ဆီ ခိုလှုံမယ်ဆိုရင်… သူတို့နှစ်ဦးကို ပြန်ပြီးဆုံတွေ့ခွင့်ပေးမယ်လို့.. ပြီးတော့ သူ့ရဲ့ မိသားစုနဲ့ အိမ်ကိုပါ အမြဲ ကာကွယ်ပေးထားမယ်လို့ ကတိပေးခဲ့ပါတယ်။ ပြီးတော့ နတ်ဘုရားသိုင်းပညာတွေ လက်ဆောင်တွေကိုလည်း ထပ်ပြီးတော့ သူ့ကို ချီးမြှင့်ပေးဦးမှာပါခင်ဗျာ… ဒါပေမဲ့ သူက နွီဝါးမဟာမိတ်နဲ့ပဲ ဆက်ပြီးတော့ ပူးပေါင်းခဲ့တဲ့အတွက်.. ယုဝေကို အဆုံးအစမဲ့ ငရဲဆီ ကျွန်တော်ပို့ဆောင်ပြီး အပြစ်ပေးခဲ့ပါတယ်။”

“ဂျိနင်က .. နွီဝါးမဟာမိတ်ကိုပဲ ရွေးချယ်ခဲ့တယ်လေ။”
နတ်ဘုရားဘုရင် ပြောပြလိုက်ပါတော့တယ်။

Book 21 - 30Where stories live. Discover now