Chp 562 ( ပြည်ဖုံးကားချ)

40 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 28
Chapter 562 (ပြည်ဖုံးကားချ)

“တပ်ဆုတ်တော့ဟေ့..။”
နတ်ဘုရားဘုရင်လည်း တာအိုဖခင်ကြီး ဝါးမှင်ကို စ်ိတ်နဲ့ဆက်သွယ်ပြီးပြောလိုက်ပါပြီ။

“တခါတည်းဆုတ်ခွာရမှာလား..။ တာအိုဖခင်ဂိုလမ်ကြီးက ကာကွယ်မပေးထားဘူးဆိုရင်.. အကြီးအကျယ်ကို အကျအဆုံးများသွားလိ်မ့်မယ်နော်..။ တော်တော်များများ ကျဆုံးသွားရမှာ..။ ယုဝေကို အသုံးချပြီးတော့ ဂျိနင်ကို မခြိမ်းခြောက်လိုက်ဘူးလား..။ အသုံးမ၀င်ဘူးလား..။ သူသာနည်းနည်းလောက် ဖယ်ပေးလိုက်ရင်.. တာအိုဖခင်ဂိုလမ်ကြီးက တပ်ဆုတ်ခွာတာမှာ ကူညီပေးနိုင်မှာ..။”
တာအိုဖခင်ကြီး ဝါးမှင်လည်း ပြန်ပြီးဆက်သွယ်လိုက်တယ်လေ။

သွေးနီလောကက လိုက်လံတိုက်ခိုက်သူတွေကို မတားဆီးပဲ ကစဉ့်ကလျား နောက်ဆုတ်ကြရမယ်ဆိုရင်… တကယ့်ကို အစုလိုက်အပြုလိုက် သေဆုံးကြရတော့မှာပါ။ ဒီတစ်ကြိမ်ကတော့ နောက်ဆုံးအကြိမ်တုန်းကထက် ပိုပြီးဆိုးရွားသွားနိုင်တယ်လေ။ နောက်ဆုံးအကြိမ်တုန်းက နှစ်ဖက်စလုံးဟာ အင်အားမျှနေခဲ့ပါတယ်။ ဒါပေမဲ့ အက်ကြောင်းမဲ့ဂိတ် အကြီးအကျယ် ရှုံးနိမ့်ခဲ့ရတယ်လေ။ ဒါကြောင့် ဒီတစ်ကြိမ်မှာ အင်အားကွာခြားချက်က သိသာသွားခဲ့ပါပြီ။

“ငါတို့တွေ ဘာမှ မတတ်နိုင်တော့ဘူးလေ။”
နတ်ဘုရားဘုရင်က စိတ်နဲ့ဆက်သွယ်လိုက်ပါတယ်။
“နောက်ဆုတ်လိုက်ကြတော့..။ မြန်မြန်နောက်ဆုတ်လိုက်ရင်.. အသက်ရှင်ကျန်ရစ်သူ ပိုများလိမ့်မယ်။ ဒါပဲ..။”

“ကောင်းပြီလေ။”
တာအိုဖခင်ကြီး ဝါးမှင်လည်း မျက်နှာသုန်မှုန်နေခဲ့ပါပြီ။

“နောက်ဆုတ်ကြတော့..။”
တာအိုဖခင်ကြီးဝါးမှင်ရဲ့ အသံကို စစ်မြေပြင်က အက်ကြောင်းမဲ့ဂိတ်ရဲ့ ကွန်မန်ဒါအားလုံးပဲ ကြားလိုက်ကြရပြီလေ။

“နောက်ဆုတ်ကြ”

“အခုချက်ချင်းကို ဆုတ်ခွာမယ်ဟေ့..။”

ဒီစစ်ပွဲ့ သူတို့တွေ တကယ့်ကို ဘ၀ပျက်နေခဲ့ကြတဲ့ စစ်ပွဲပါ။ ပြောရရင်.. ဒီမတိုင်ခင်ကတည်းကကို အက်ကြောင်းမဲ့ဂိတ်ရဲ့ တပ်မဟာတွေ စတင်ပြိုလဲလာခဲ့ပြီလေ။ အခုအချိန်မှာတော့ ရေကာတာ ကျိုးပေါက်သွားတဲ့အလား.. တကယ့်ကို အလဲလဲအပြိုပြို စတင်ဆုတ်ခွာလာခဲ့ပါတော့တယ်။

Book 21 - 30Where stories live. Discover now