Chp 588 ( မဟာကံကောင်းခြင်း)

38 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 588 ( မဟာကံကောင်းခြင်း)

နင်လည်း ဦးညွတ်ခစားနေတဲ့ နှစ်ဦးကို ကြည့်နေမိပါတယ်။ သူရင်ထိတ်နေခဲ့ပြီလေ။
“ငါရောက်လာတာကို ကြီးကြပ်ရေးမှူးရောက်လာတယ်လို့ သူတို့ထင်နေကြတယ်။ ငါသတိထားမှဖြစ်မယ်။ ပထမဆုံး ကြီးကြပ်ရေးမှူးက ဘာတွေလုပ်လဲဆိုတာကို သိထားဖို့ လိုအပ်တယ်။ ငါဘယ်သူဆိုတာကို သူတို့ သိလို့မဖြစ်ဘူး။ သိသွားရင် အရမ်းကို အန္တရာယ်များလာလိမ့်မယ်…။”
ခုနက ဖြာထွက်နေတဲ့ကြီးကျယ်မြင့်မြတ်လှတဲ့ အော်ရာအရှိန်အဝါတွေအရ သူသာ အလွန်ကို အားနည်းတဲ့ လူတစ်ဦး ဖြစ်နေခဲ့ပြီဆိုတာကို နင်သဘောပေါက်ခဲ့ပါတယ်။

“သူတို့တွေက ငါ့ကို အရမ်းပဲ ရိုသေနေကြပါလား..။ သူတို့ရဲ့ ရာထူးအဆင့်အတန်းက ငါ့ထက်နိမ့်လောက်တယ်။”
နင်လည်း တစ်ခဏလောက် စဉ်းစားလိုက်ပြီးတော့
“မင်းတို့ နှစ်ယောက်.. နာမည်တွေ အရင်ဆုံး လျှောက်တင်လိုက်ဦး…”

“ကျွန်တော်မျိုးကတော့ အရှေ့ပိုင်းပုရစ်ပါ။”
အရပ်မြင့်မြင့် တစ်ဦးက ရိုသေစွာပဲ ဦးညွတ်ပြီးပြောလာခဲ့ပါတယ်။ သူ့ရဲ့ အသံဟာ တည်ငြိမ်လို့နေပြီး တော်တော်ကို ရိုးသားပုံလည်း ရလို့ပါ။

“ကျွန်တော်မျိုးကတော့ အနောက်ပိုင်း လင်းနို့ပါ..”
ပုပု၀၀ တစ်ဦးက ပြောလာခဲ့ပါတယ်။
“ကျွန်တော်တို့ နှစ်ဦးက ကြီးကြပ်သူ သခင်ကြီးကို စောင့်စားနေခဲ့ကြတာ ပျက်စီးခြင်း စက်၀န်း သုံးခုတောင် ရှိခဲ့ပါပြီ…။ ကျွန်တော်မျိုးတို့ကို ဖန်ဆင်းခဲ့တဲ့အချိန်ကတည်းက ဒီ အကျဉ်းထောင်ကမ္ဘာ နံပါတ် ၁၇ မှာ အမှုထမ်းခဲ့ကြတာပါခင်ဗျာ..။ ကြီးကြပ်သူ သခင်ကြီး မရှိခဲ့တုန်းကဆို ကျွန်တော်တို့တွေ တော်တေ်ာကို စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ အကျဉ်းထောင်ကမ္ဘာမှာ တစ်ခုခု ဖြစ်လာမှာကို ကျွန်တော်တို့တွေ စိတ်ပူနေခဲ့မိတာပါခင်ဗျာ..။”

နင်ရင်ထိတ်သွားခဲ့ပါတယ်။ ပျက်စီးခြင်းစက်၀န်းသုံးခု… ပျက်စီးခြင်းစက်၀န်းဆိုတာကို အချိန်ကာလတစ်ခုရဲ့ သတ်မှတ်ခေါ်ဆိုချက်ပဲလေ… ပြီးတော့ သူတို့ပြောပုံကိုကြည့်တာနဲ့ အလွန့်အလွန်ကိုကြာမြင့်ခဲ့တဲ့အချိန်ကာလတစ်ခုဆိုတာ ထင်ရှားနေခဲ့ပါပြီ..

Book 21 - 30Where stories live. Discover now