Chp 561 ( လွတ်ပေးစမ်း)

43 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 28
Chapter 561 (လွှတ်ပေးစမ်း)

ကြီးကျယ်ခမ်းနားလွန်းလှတဲ့ တာအိုဖခင်ဂိုလမ်ကြီးဟာ ကောင်းကင်ဘုံကို အပြစ်ပေးသူရဲ့ ဖိအားပေးခြင်းကို ခံလိုက်ရပါပြီ။

ကျဆင်းလာတဲ့ ဓားချက်နှစ်ချက်ဟာ မိုးနဲ့မြေကို ခွဲခြမ်းပစ်နိုင်တဲ့ အင်အားတွေ ပိုင်ဆိုင်ထားတယ်လေ။ တာအိုဖခင်ဂိုလမ်ကြီးအနေနဲ့ ဘယ်လိုနည်းနဲ့မှကို တောင့်ခံထားနိုင်စွမ်း မရှိခဲ့ပါဘူး။ ဒါကြောင့် ရင်ဆိုင်တိုက်ခိုက်လိုက်တဲ့အခါ ဒူးထောက်ကျသွားခဲ့ရတာလေ။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. သူတစ်ယောက်တည်းနဲ့ကို…။”
ဓားတန်ခိုးရှင် ထာ၀ရ စိမ်းလန်းခြင်း ရင်ထဲ ဒေါသတွေပြည့်လို့လာခဲ့သလို ဆောက်တည်ရာမရ ဖြစ်နေခဲ့ပါပြီ။
“ဂျိနင်ကို ငါဘာဖြစ်လို့ မရင်ဆိုင်နိုင်ရတာလဲ..။ သူနဲ့ နှင်းနီတို့ ပူးပေါင်းတိုက်ခိုက်တာကိုတောင် ငါကအနိုင်ယူနိုင်ရမှာလေ။ ဘယ်လိုလုပ် သူတစ်ဦးတည်းကြောင့် ငါရှုံးနိမ့်သွားရမှာလဲ..။”
ဓားတန်ခိုးရှင် ထာ၀ရ စိမ်းလန်းခြင်းဟာ သူ့ရဲ့ တာအိုရောင်းရင်းတွေ တာအိုဖခင်ကြီးတွေကို ကြွားပြောထားခဲ့တယ်လေ။ ဒီစစ်ပွဲကို အောင်မြင်ဖို့အတွက်က သူအနိုင်ရမှ ဖြစ်မှာလေ။

သူရှုံးနိမ့်သွားခဲ့ရင်.. အက်ကြောင်းမဲ့ဂိတ်က ဘယ်လိုလုပ် ဆက်ပြီးရင်ဆိုင်တိုက်ခိုက်နိုင်ပါတော့မလဲ..။

နွီဝါးမဟာမိတ်တွေကိုလည်း သူသစ္စာဖောက်ခဲ့ပြီးပြီ…။ အက်ကြောင်းမဲ့မဟာမိတ်တွေဘက်မှာ သူသေသေချာချာကို ခြေကုန်ရယူထားနိုင်မှ ဖြစ်မှာပါ။

ဒီတိုက်ပွဲ့ သူ့အတွက် အလွန်ကို အရေးကြီးနေခဲ့ပြီလေ။

“ဟိုအသုံးမကျတဲ့ကောင်… မင်းက ဘာဖြစ်လို့ အင်အားပြိုင်နေရတာလဲ..။ သူက ဒီလောက် အင်အားကြိးမားနေပြီဆိုမှတော့.. မင်းရဲ့ အမြန်နှုန်းနဲ့ ဖျတ်လတ်မှုကို အသုံးချလိုက်လေကွာ..။”
တာအိုဖခင်ကြီး ဝါးမှင်က အသည်းအသန်သူ့ကို စိတ်နဲ့ ဆက်သွယ်ပြီးညွှန်ကြားလိုက်ပြီလေ။
“မြန်မြန်.. မြန်မြန်.. ငါတို့ မဟာမိတ်နှစ်ဖွဲ့က တိုက်ခိုက်ကြတော့မယ်။ မင်းအနေနဲ့ အနိုင်ရဖို့ လိုအပ်တယ်။ မင်းရှုံးနိမ့်သွားတာနဲ့ ငါတို့ တပ်မဟာတွေအားလုံး စိတ်ဓာတ်ပျက်ပြားသွားလိမ့်မယ်။”

Book 21 - 30Donde viven las historias. Descúbrelo ahora