Book 21 Chp 4

62 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 21 
Chapter 4 (အရှေ့ပိုင်းသစ်တော ကလန် အတွင်း၀ယ်)

မူလတာအို တန်ခိုးရှင် နှစ်ဦး ရင်ဘောင်တန်းပြီး လျှောက်လာနေဆဲပါ။ သူတို့အရှေ့မှာ ရုတ်တရက်ဆိုသလို အလင်းရောင် တစ်ချက်လက်သွားခဲ့ပြီး သားမွေး၀တ်စုံနဲ့ လူငယ်လေး တစ်ဦးပေါ်လာခဲ့ပါပြီ။

“မင်က ဘယ်သူလဲ…”
မူလတာအိုတန်ခိုးရှင် နှစ်ဦးမျက်နှာလုံး၀ကို ပျက်သွားခဲ့ကြပြီလေ။

၀ုန်း

ဂျိနင်ရဲ့ ခန္ဓာကိုယ်ကနေပြီးတော့ ခန်းနားကြီးကျယ်တဲ့ စွမ်းအင်လှိုင်းတွေ ဖြာထွက်လာခဲ့သလို ပတ်၀န်းကျင် မီတာ သုံးထောင်ဟာလည်း လုံး၀ကို ရပ်တန့်သွားခဲ့ပြီလေ။

လေဟာလည်း ရပ်တန့်သွားခဲ့ပြီ။ ယိမ်းနွဲ့လှုပ်ရှားနေတဲ့ မြက်ပင်လေးတွေဟာလည်း နောက်ဆုံး အချိန်လှုပ်ရှားခဲ့ပုံအတိုင်း  ရပ်တန့်နေခဲ့ပြီ။ စီးဆင်းနေတဲ့ ရေစီးကြောင်းဟာလည်း စီးဆင်းလျက် ပုံစံအတိုင်း ရပ်တန့်နေခဲ့ပြီ။ လေထဲမှာ ဖြာလို့နေခဲ့တဲ့ ရေမှုန်ရေမွှားလေးတွေဟာလည်း လေထဲမှာသာ ရပ်တန့်နေလို့ပါ။

မူလတာအို တန်ခိုးရှင် နှစ်ဦးလုံးဟာလည်း အရမ်းကို ခြောက်ခြားတုန်လှုပ်သွားခဲ့ကြပါပြီ။ ဒါပေမဲ့.. သူတို့တွေ နည်းနည်းလေးမှကို လှုပ်ရှားလို့ မရတော့ဘူးလေ။ ကြောက်မက်ဖွယ်ကောင်းလွန်းလှတဲ့ တာအိုနယ်မြေကြီးဆင်းသက်လာတဲ့အခါမှာတော့.. သူတို့တွေ ဘယ်လိုမှကို မခုခံနိုင်ခဲ့ကြပါဘူး။

လခြမ်းကွေးကမ္ဘာမှာတုန်းကတော့ ဒီတာအိုနယ်မြေကို မီးလျှံတောင်ပံစစ်သည်တော်တွေ လှုပ်ရှားမရအောင် နင်အသုံးပြုခဲ့သေးတယ်လေ။ ဒီမူလတာအို တန်ခိုးရှင် နှစ်ဦးက မီးလျှံတောင်ပံ အစောင့်အရှောက်တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် အရမ်းကို အားနည်းနေကြဆဲပါ။

“သွားကြစမ်း…”
နင်လည်း လက်ကို ဝှေ့ယမ်းလိုက်ပါတော့တယ်။ ဒီ နှစ်ဦးလုံးကို သူ့ရဲ့ အင်မော်တယ်နန်းတော်ထဲ ဆွဲသွင်းပစ်လိုက်ပါပြီ။

ပတ်၀န်းကျင် နယ်မြေကို သူတစ်ချက်ဝေ့ကြည့်လိုက်ပါတယ်။ စတင်လှုပ်ရှားကတည်းကကို သူသတိကြီးကြီး ထားလာခဲ့တာပါ။ သူ့ရဲ့ တာအိုနယ်မြေကိုလည်း မီတာ သုံးထောင်အထိသာ ဖြန့်ကျက်ခဲ့တယ်လေ။ ပတ်၀န်းကျင်နယ်မြေကို အနှောင့်အယှက်မဖြစ်စေခဲ့ပါဘူး။

Book 21 - 30Where stories live. Discover now