Book 21 Chp 12

56 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 1 
Chapter 12 (အန္တရာယ်ကို အာရုံရခြင်း)

လှပလွန်းတဲ့ ကောင်မလေးလည်း ခေါင်းကို ညိတ်လိုက်ပြီးတော့
“နားလည်ပါပြီဆရာ… ကျွန်မထင်တာ တော်၀င်ရှ အင်ပါရီယာပြည့်ရှင်က သိပ်ပြီးအစွမ်းမထက်ဘူးလားလို့ပါ..။ စတီလီတောင်တန်းကမ္ဘာမှာဆိုရင်… အစစ်အမှန်အင်မော်တယ်နဲ့ အင်ပါ၇ီယာ နတ်ဘုရား ၃ ဦးတောင် ရှိနေတယ်လေ။”

“တော်၀င်ရှကမ္ဘာကို မဟာကံကောင်းမှုကြီးက ကောင်းချီးပေးထားတာ..။ လောကသုံးပါး တခွင်မှာ သူ့ရဲ့ ကမ္မကံကောင်းခြင်းက ထိပ်ဆုံးအဆင့်လောက်မှာကို ရှိနေတယ်။ ဒီလို ကမ္ဘာကြီးတစ်ခုလုံးကို တစ်စုတစည်းတည်းပေါင်းစည်းပေးနိုင်တာ… ဒီကမ္ဘာကြီးက စတီလီတောင်တန်း ကမ္ဘာထက် ဘယ်လိုလုပ် ပိုပြီး အားနည်းနိုင်မှာလဲ..။”
ဂူနန်းရှင်က ခေါင်းကို ခါယမ်းလိုက်ပြီးတော့
“အဓိက ကမ္ဘာကြီးတစ်ခုကို ပေါင်းစည်းနိုင်ဖို့ဆိုတာ.. မင်းနားလည်ထားရမှာက… ပေါင်းစည်းသူ ခေါင်းဆောင်အနေနဲ့ အရမ်းကို မြင့်မားတဲ့ ကိုယ်စွမ်းကိုယ်စ ရှိဖို့လိုတယ်။ မဟုတ်ရင် အံ့မခန်းတဲ့ ကျောထောက်နောက်ခံ ရှိနေဖို့ လိုအပ်တယ်။”

“အို.. ဆရာ.. ဒါဆို ဂျိနင်… သူ့ကို ဘယ်လို လုပ်ကြမလဲ…။”
ကောင်မလေးက မေးလိုက်ပါတယ်။

“သူက ၈၉ ပါးလျှို့ဝှက်နတ်သိုင်းကို လေ့ကျင့်ထားတာလေ။ သူ့ရဲ့ ဆရာက တာအိုဖခင်ကြီးတွေထဲမှာမှ မဟာတာဆို ဖခင်ကြီး တစ်ဦး ဖြစ်လိမ့်မယ်။”
ဂူနန်းရှင်က ရယ်မောလိုက်ပြီး
“ဒါပေမဲ့… သူ့ဆရာ ဘယ်သူဆိုတာက အရေးမကြီးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ငါတို့ဘက်ကမဟုတ်တာ လုံး၀ကို သေချာနေတယ်လေ။ ဂျိနင်ကို တော်၀င်ရှ ကမ္ဘာမှာ ဆက်ပြီးတော့ ကြီးထွားဖွံ့ဖြိုးလာစေမယ်ဆိုရင်.. သူက နောက်ဆို ငါတို့ကို အနှောင့်အယှက်ပေးနိုင်သူ ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ငါတို့တွေ သူ့ကို သတ်ပစ်မှကို ရမယ်။ သူ့နောက်ကွယ်က တာအိုဖခင်ကြီးတောင်မှ တပည့်တစ်ဦးတည်းအတွက် ၀င်စွက်ဖက်သင့် မစွက်ဖက်သင့်ဆိုတာကို လေးလေးနက်နက် စဉ်းစားရဦးမှာလေ။”

Book 21 - 30Where stories live. Discover now