Book 24 Chp 5

42 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 5 (အရှေ့ရေစီးကြောင်း နှင်း၊ မိုးမခမြစ် ချွမ်)

အလင်းရောင် အော်ရာ အရှိန်အဝါတစ်ခု ခုံရုံးထဲမှာပေါ်လာခဲ့ပါပြီ။ အလင်းရောင်ထဲမှာတော့ ပုံရိပ်တွေအများကြီးထင်ဟပ်လာခဲ့့ပြီလေ။ ကလေးမလေးတစ်ဦးက သူ့ရဲ့ ဘိုးဘေးတွေနဲ့ ဆော့ကစားနေပါတယ်။ ကောင်မလေးတစ်ဦးဟာ ခြောက်ခြားတုန်လှုပ်စွာ ထွက်ပြေးနေလို့ပါ။ အရွယ်ရောက်ပြီဖြစ်တဲ့ ယူချီစနိုးက ဂျိရီချွမ်ရဲ့ မျက်လုံးကိုစိုက်ကြည့်လို့နေပါတယ်။ သူမရဲ့ဒက်နော့ပင်လယ်က ခရီးကြမ်း။ ဂျိနင်ကို သူမမွေးဖွားလာခြင်း .. ကိုယ်ဖော့သိုင်း သင်ပေးခြင်း…။

ပုံရိပ်တွေတစ်ခုပြီးတစ်ခု..

“သူမရဲ့ အတိတ်ဘ၀…”
ပုံရိပ်တွေကို နင်ငေးကြည့်နေခဲ့ပါတယ်။

အတိတ်ဘဝတွေကို ပြန်ကြည့်နိုင်တဲ့ မူလကြယ်တာရာ ဝိညာဉ်မှော်ရတနာကို ဒီငရဲပြည် အသေးလေးထဲ ထည့်ထားပေမဲ့လည်း.. သေသူတို့၏မှတ်တမ်းစာအုပ်တော့ မရှိဘူးလေ။ တရားသူကြီးလည်း စုတ်တံနဲ့ စာနည်းနည်းရေးမှတ်လိုက်ပါတယ်။
“တော်၀င်ရှ ကမ္ဘာရဲ့ အရှေ့ကျွန်းပြည်နယ် ယူချီကလန်က ယူချီစနိုး…  ကမ္မကုသိုလ်ကောင်းမှုနည်းနည်း ရှိနေတယ်။ ဒါကြောင့်…”
တရားသူကြီးရဲ့ စိတ်ထဲ အတွေးမျှင်လေးတွေ ၀င်ရောက်လာခဲ့ပါတယ်။

၀ူကောင်းကင်ကမ္ဘာ၊ ပန်းမွန့်ပြည်နယ် အရှေ့ရေစီးကြောင်း ကလန်မှာ လူသားအဖြစ် ပြန်လည်မွေးဖွားလာရမယ်။ အရှေ့ရေစီးကြောင်း စနိုးလို့ နာမည်ပေးကင်ပွန်းတပ်ခံရပြီး အသက် ၂၀၀ ရှည်လိမ့်မယ်။

ဒီအတွေးမျှင်က မိုးကောင်းကင်တာအိုကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။

ဘယ်သူမဆို ပြန်လည်မွေးဖွားခြင်း လမ်းကြီး ၆ လမ်းက တရားသူကြီး ရာထူးကို ယူလိုက်တာနဲ့ မိုးကောင်းကင်တာအိုရဲ့ တစိတ်တပိုင်းဖြစ်သွားခဲ့ပြီလေ။ ဒါပေမဲ့ ဒီတရားသူကြီးတွေအားလုံးက ဆုံးဖြတ်စီရင်မှုတွေကို ပြောင်းလဲနိုင်ကြပါတယ်။ ဒီလိုလုပ်လိုက်ရင်တော့ သူတို့ရဲ့ ကမ္မကုသိုလ်မှာပါ အကျိုးသက်ရောက်မှုတွေ ရှိလာမှာပါ။ ပြောင်းလဲမှုက ပိုပြီးကြီးမားလေ သူတို့ရဲ့ ကမ္မကုသိုလ်တွေ ကြီးကြီးမားမား ပြောင်းလဲလာလေဖြစ်ပါလိမ့်မယ်။ ပြီးတော့ ရေးသားလို့ မရတဲ့ ဆုံးဖြတ်စီရင်မှုတွေလည်းရှိသေးတယ်လေ။ ပြောရရင် ဒီ အဆင့်နိမ့် တရားသူကြီးလေးက ယူချီစနိုးရဲ့ ဆုံးဖြတ်စီရင်မှု နှစ်ပေါင်းတစ်ထောင် ငရဲကျခံစေလို့ ပြောင်းလဲလိုက်တယ်ဆိုပါစို့..။ သူဆုံးဖြတ်စီရင်လို့ မပြီးသေခင်မှာကို တရားသူကြီးဆီမှာ အကုသိုလ်တွေ အမြောက်အမြား စုဝေးလာပြီး ချက်ချင်းကို ရာထူးကနေ ထုတ်ပယ်ခံလိုက်ရမှာပါ။

Book 21 - 30Where stories live. Discover now