Book 24 Chp 1

49 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 1 (ကတိတစ်ခု)

“ငါတို့ရဲ့ သခင်လေးက အင်ပါရီယာ နတ်ဘုရား နီးနီးလောက်ကို အစွမ်းထက်နေတဲ့ မြေကမ္ဘာအင်မော်တယ်လေ။”
နှင်းကင်းမြီးကောက်လည်း စိတ်ခံစားချက် အပြည့်နဲ့ သက်ပြင်းချလိုက်ပြီး
“နတ်ဘုရား ဘုရင်သာ ဒီတပည့်မျိုး ရထားမှန်း သိရင် ဘယ်လောက်တောင် ပျော်လိုက်မလဲနော်..။”

“နတ်ဘုရားဘုရင်..”
နှင်းနီရဲ့ အကြည့်တွေဟာ မှုန်ရီဆွေးမြေ့လို့သွားခဲ့ပါပြီ။ ကျန်တဲ့သူတွေလည်း တိတ်ဆိတ်သွားခဲ့ပြီလေ။ သူတို့အားလုံးက တာအိုတန်ခိုးရှင် အသက်သုံးချောင်းရဲ့ သစ္စာရှိ နောက်လိုက်တွေပါ။ မဟုတ်ဘူးဆိုရင် ရေအောက်နန်းတော်ထဲ နှစ်ပေါင်း ဒီလောက်ကြာအောင် စောင့်နေကြမှာ မဟုတ်ဘူးလေ။

အနက်ရောင်နင်က နားမလည်နိုင်စွာနဲ့
“ဆရာကြီးတို့ခင်ဗျာ…. ဆရာကြီးတို့က သခင်လေးခေါ်လိုက်တာလား.. ကျွန်တော် တကယ်နားမလည်နိုင်လို့ပါ..။ ပြီးတော့ ဆရာကြီးတို့အားလုံးက ရေအောက်နန်းတော်ထဲ တစ်ချိန်လုံး ရှိနေခဲ့ကြတာလားခင်ဗျာ…။ ဒါကြောင့်မို့ ကျွန်တော် နီဟီလမ် နယ်မြေကိုရောက်တော့ ထွက်လာခဲ့ကြတာပေါ့နော်…။”
သူတို့ စကားအရိပ်အခြေကို ကြည့်ပြီးခန့်မှန်းမိသလို သူကိုယ်တိုင်ကလည်း တာအိုတန်ခိုးရှင် အသက်သုံးချောင်းရဲ့ အမွေကို ဆက်ခံထားသူဖြစ်ပေမဲ့… အရာအားလုံးကို ရှင်းရှင်းလင်းလင်း နားမလည်နိုင် ဖြစ်နေခဲ့ပါတယ်။

“ငါရှင်းပြမယ်…”
ကလေးလေးက နင်ကိုကြည့်ပြီး ကြည်လင်တဲ့အသံနဲ့ ပြောလိုက်တာပါ။

“အင်ပါရီယာ နတ်ဘုရား ကမ္ဘာဦးအလင်းခင်ဗျာ..”
နင်လည်း သူ့ကို နှုတ်ဆက်လိုက်ပါတယ်။

“ငါ့ကို ကမ္ဘာဦးအလင်းပဲ ခေါ်ပါ..။”
ကလေးလေးက ရယ်မောလိုက်ပြီးတော့
“မင်းမှာ မေးခွန်းအများကြီး ရှိနေတာကို ငါနားလည်ပါတယ်။ ဒါကြောင့် အရိုးရှင်းဆုံး ငါရှင်းပြပေးမယ်။ အဖေက ကမ္ဘာဦး ပျက်စီးခြင်း စကြ၀ဠာရဲ့ အစစ်အမှန် နတ်ဘုရားလေ။ မွေးဖွားလာကတည်းကကို အဖေက အလွန်ကို စွမ်းအားကြီးမားခဲ့တာပေါ့။ ပန်ဂုက စကြ၀ဠာကို တည်ဆောက်ပြီးတဲ့အခါမှာတော့ ဖင်းဂေါ့တွေ အများကြီး ထပ်မွေးဖွားလာခဲ့ကြတယ်။ ဖင်းဂေါ့တွေဟာ မွေးရာပါကတည်းကကို တိုက်ခိုက်ရတာအလွန် သဘောကျကြတယ်လေ။ ဒါကြောင့် ကမ္ဘာဦး ကမ္ဘာကြီးတခွင်မှာ စစ်ပွဲတွေ ဆက်တိုက်ကို ဖြစ်ပွားခဲ့တယ်။”

Book 21 - 30Where stories live. Discover now