Book 24 Chp 18

39 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 18 (ဂျိနင်က တွေ့ဆုံခွင့်တောင်းခြင်း)

ရိုးရိုးသားသားပြောရရင်တော့ … ဂိတ်တံခါးရှင် အဇူရာမြေခွေးကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အပြစ်မတင်သင့်ပါဘူး။ အက်ကြောင်းမဲ့ဂိတ်ရဲ့ အဖွဲ့သားတွေအားလုံးက အသက်ကိုစတေးပြီးတော့ တိုက်ခိုက်နေကြရတာလေ။ အချိန်တန်တဲ့အခါမှာ ဂိတ်တံခါးရှင်ကိုယ်တိုင်လည်း တိုက်ပွဲထဲ ၀င်ရောက်လာရမှာပါ။ ပြီးတော့ ကောင်းကင်အင်မော်တယ် ယူနီတီနဲ့ တိုက်ပွဲကလည်း ထင်သလောက်တော့ ကြောက်စရာကောင်းလှတာ မဟုတ်ပါဘူး။ ခရမ်းရောင်မြက်လေး တကယ်ကိုကံဆိုးသွားခဲ့ရလို့ပါ။ လောကသုံးပါးမှာ မုန်တိုင်းထန်နေပြီဖြစ်တာကြောင့်.. ဘယ်သူက တစ်ဦးတစ်ယောက်အနေနဲ့ အသက်ရှင်သန်နိုင်မယ်လို့ သေချာ အာမခံနိုင်ပါ့မလဲ..။

ဒါပေမဲ့လည်း ကောင်းကင်အင်မော်တယ် အမှောင်ကောင်းကင်ဘုံဟာ အလွန်ကို ဒေါသထွက်နေတာကြောင့်.. ဂိတ်တံခါးရှင်အနေနဲ့ သေချာ မရှင်းပြတော့ပါဘူး။

ထပ်ပြောရရင်..

အမှောင်ကောင်းကင်ဘုံက သူတို့ဘက်ကပဲလေ။ ပြီးတော့ ကောင်းကင်အင်မော်တယ် တစ်ဦးလည်း ဖြစ်တဲ့အတွက် သူ့အနေနဲ့ သူ့အထက်က လူတွေရဲ့ စကားကို နာခံရမှာပါ။ အလွန်ကို အစွမ်းထက်တဲ့ လူတွေဖြစ်တဲ့ နတ်မိမယ် သေမင်းမြက်လေးလို ပုဂ္ဂိုလ်မျိုးတွေနဲ့ မဟာအင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေသာ ဘာတာ၀န်မှ ထမ်းဆောင်ဖို့ မလိုအပ်သေးတာပါ။ အမှောင်ကောင်းကင်ဘုံကျတော့ အခုထက်ထိကို ဘာတာ၀န်မှ မယူရပဲ အပူအပင်ကင်းကင်း သွားလာနိုင်နေပြန်တယ်လေ။ ဒါက အရမ်းကို ထူးဆန်းနေတဲ့အတွက် သူတို့ရဲ့ ကောင်းကင်အင်မော်တယ်တွေဟာ သူ့ကို မြင့်မြတ်ကြီးကျယ်သော အင်မော်တယ် အမှောင်ကောင်းကင်ဘုံလို့တောင် ဘွဲ့နာမည်တပ် ခေါ်ခဲ့ကြရတယ်။ ဒါကြောင့်လည်း ဂိတ်တံခါးရှင်အနေနဲ့ တော်တော်လေးကို စိုးရိမ်နေခဲ့မိတာပါ။ ဘာအကြောင်းမှန်းတော့ မသိပေမဲ့လည်း အမှောင်ကောင်းကင်ဘုံနဲ့ သူမတိုက်ခိုက်ခဲ့ရင် အဖြေဟာ အရမ်းကို ဆိုးရွားမယ်ဆိုတာကို ခံစားမိနေခဲ့တယ်လေ။

Book 21 - 30Where stories live. Discover now