Book 23 Chp 4

42 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23 
Chapter 4 (ပထမဆုံး ရင်ဆိုင်ခြင်း)

“အဲ့ဒါက ကမ္ဘာဦး အပျက်အစီး ကမ္ဘာရဲ့ အစိတ်အပိုင်းပဲလား..”
ဖြစ်နိုင်ခြေတွေကို ဂျိနင် စဉ်းစားနေမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာဦး အပျက်အစီးကမ္ဘာဟာ ပြီးပြည့်စုံတဲ့ စက်၀န်းမဟုတ်သလို လေးထောင့်ကြီးလည်း မဖြစ်နိုင်ပါဘူး။ သူ့မှာ တောင်တန်းတွေ ချိုင့်ဝှမ်းလွင်ပြင်ကြီးတွေ ရှိနေဦးမှာပဲလေ။ ဒါကြောင့် သူ့ရဲ့ အစိတ်အပိုင်းတချို့ အပြင်ထွက်လာနေတာကို သူမြင်နိုင်လည်း သိပ်တော့ မဆန်းလှပါဘူး။

“ဘယ်လိုပဲဖြစ်ဖြစ် အနားကိုတော့ငါကပ်လို့ မဖြစ်ဘူး..။”

“ကမ္ဘာဦး အပျက်အစီးကမ္ဘာက အရမ်းကို အန္တရာယ်များလွန်းတယ်။ အစစ်အမှန်အင်မော်တယ်တွေ အင်ပါရီယာ နတ်ဘုရားတွေတောင်မှ သတိထားပြီး သွားလာကြရတာဆိုတော့..။ ငါအဝေးကြီးမှာ နေနေတာ အကောင်းဆုံးပဲ..။”
ကိုယ့်ရဲ့ အတိုင်းအဆကို ကိုယ်တိုင်သဘောပေါက်ထားပြီးပြီလေ။ ၈၉ ပါးလျှို့ဝှက်နတ်သိုင်းက နင်ကိုကာကွယ်ပေးထားပေမဲ့လည်း… သူ အလောတကြီးမလှုပ်ရှားရဲသေးပါဘူး။

၀ှစ်

ချက်ချင်းပဲ ဒီကုန်းမြေတိုက်ကြီးနဲ့ ဝေးရာကို နင်စတင်ပျံသန်းထွက်ပြေးပါတော့တယ်။

ကမ္ဘာဦး အပျက်အစီးကမ္ဘာကြီးကို သူ စိတ်၀င်စားနေပေမဲ့လည်း.. စိတ်၀င်စားတတ်တဲ့ ကြောင်တွေကတော့ သေခဲ့ကြရပြီလေ။

..

နင်နဲ့ ကီလိုမီတာ သန်းပေါင်းများစွာ အကွာ… စကြ၀ဠာရဲ့ အမှောင်ထုတစ်နေရာမှာတော့..။ ဆန်းကြယ်တဲ့ အခြေစိုက်စခန်းတစ်ခု ရှိလို့နေပါတယ်။ ဒါကိုသာမန်မျက်စိနဲက ဘယ်လိုမှ မမြင်နိုင်ပါဘူး။

အခြေစိုက် စခန်းထဲမှာတော့…

ရာဇပုလ္လင်တွေအထက်မှ ထိုင်လို့နေတဲ့ အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းဖြစ်ပြီး ဦးခေါင်းမှာ ကွေးညတ်နေတဲ့ ချိုကြီးတွေ ရှိနေတဲ့ စစ်သူရဲကြီးတွေ ရှိလို့နေပါတယ်။ ရာဇပုလ္လင် ၁၈ ခုဟာ လေထဲမြောက်နေလို့ပါ။ အားလုံးစာ တိတ်တဆိတ်ကို ထိုင်လို့နေကြပါတယ်။ သူတို့ရဲ့ မျက်လုံးတွေကတော့ လေထဲမှာပဲ မြောက်တက်လို့နေတဲ့ ကြေးမုံကြီးတစ်ချပ်ပေါ် အကြည့်ရောက်နေကြလို့ပါ။ ကြေးမုံထက်က ပုံရိပ်ကတော့ တစ်ဦးတည်း ပျံသန်းလို့နေတဲ့ ဂျိနင်လေ။ ဂျိနင်က အခုဆို မီးနဂါးမျက်လုံးကို အသုံးပြုပြီးတာနဲ့ ကုန်းမြေတိုက်ကြီးကနေ ဝေးရာကို ပျံသန်းသွားနေခဲ့ပါပြီ။

Book 21 - 30Where stories live. Discover now