Book 22 Chp 7

48 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22 
Chapter 7 (မြေအောက်ကြေးတိုင်ကြီး)

အနောက်ပင်လယ်… အက်ကြောင်းမဲ့ဂိတ်ရဲ့ စုရပ်တစ်ခု…

ခမ်းနားကြီးကျယ်လှတဲ့နန်းတော်ကြီးထဲမယ်…

ခြေဗလာနဲ့ ကောင်းကင်အင်မော်တယ် အမှောင်ကောင်းကင်ဘုံနဲ့ ခရမ်းရောင်မြက်လေးတို့ဟာ ရင်ဘောင်တန်းပြီး ထိုင်လို့နေကြပါတယ်။ တခြားကောင်းကင်အင်မော်တယ်တွေလည်း သူတို့အရှေ့မှာထိုင်နေကြလို့ပါ။ အားလုံးက နန်းတော်ကြီးအထဲက မှန်ချပ်ကြီးတစ်ခုကို ကြည့်လို့နေကြပါတယ်။ ဒီမှန်ကြီးထဲမှာတော့ အခုလက်ရှိ ကျောက်စိမ်းအိုတောင်တန်းမှာဖြစ်ပျက်နေတဲ့ ပုံရိပ်တွေပေါ်နေလို့ပါ။

“ဒီဂျိနင်ကို ဖမ်းဆီးနိုင်ဖို့ကို ငါတို့ အခွင့်အရေးစောင့်နေခဲ့ရတာ.. ။ သူက ဒီလို ကမူးရှူးထိုး မီးလျှံငယ်ကလန်ကို လာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ..။”
ကောင်းကင်အင်မော်တယ် အမှောင်ကောင်းကင်ဘုံလည်း ရယ်မောလိုက်ပြီး ခြေထောက်ကို ကုတ်ရင်းပြောလိုက်ပါတယ်။
“ငါကိုယ်တိုင်တောင် ဒီ ဂျိနင်ပေါက်စနကို ၀င်ပြီး ဖမ်းဖို့မလိုတော့ဘူး။ မီးလျှံငယ်ကလန်က သူ့ကို ရင်ဆိုင်ဖို့ လုံလောက်တာထက်တောင် ပိုနေပြီမဟုတ်လား..။”

“မီးလျှံငယ်ကလန်က အောင်မြင်နိုင်မယ်ထင်လို့လား..။ နောက်ဆုံးအကြိမ်တုန်းကလည်း သူတို့တွေ လှုပ်ရှားခဲ့ကြတာပဲလေ။ ဒါပေမဲ့ အောင်မြင်ခဲ့တာမှ မဟုတ်တာ..။”
ခရမ်းရောင်မြက်လေးက မျက်မှောင်ကြုတ်ပြီးပြောလိုက်တာပါ။

“တော်၀င်ရှမင်းဆက်ရဲ့ ထိပ်တန်းကလန်ကြီး ၁၀ ခုလုံးက အံံ့မခန်းကို အစွမ်းထက်ကြတာပဲလေ။”
အမှောင်ကောင်းကင်ဘုံက  ခေါင်းညိတ်လိုက်ပြီး
“မီးလျှံငယ်ကလန်ကသာ ဘာကိုမှ စဉ်းစားမနေပဲ ကလန်ရဲ့ သေရေးရှင်ရေးအတွက် သူတို့ရဲ့ ဝှက်ဖဲအားလုံးကို အသုံးပြုလိုက်မယ်ဆိုရင်တော့ကာ…. ကောင်းကင်အင်မော်တယ်တောင် မဖြစ်သေးတဲ့ ဒီချာတိတ်လေးကို အေးအေးလူလူ အနိုင်ယူနိုင်မှာပဲလေ။ ၈၉ ပါးလျှို့ဝှက်နတ်သိုင်းကို သူလေ့ကျင့်ထားလဲ ဘာများတတ်နိုင်မှာမို့လဲ..။”

Book 21 - 30Where stories live. Discover now