Chp 611 ( မိုးကြိုးပင်လယ်ပြင်ရဲ့ အနက်ရှိုင်းဆုံးသော)

33 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 30
Chapter 311 (မိုးကြိုးပင်လယ်ပြင်ရဲ့ အနက်ရှိုင်းဆုံးသော….)

“ဒီနတ်ဘုရားသိုင်းပညာကို လေ့ကျင့်ဖို့အတွက် မိုးကြိုးပင်လယ်ထဲကို ငါဆင်းမှ ရလိမ့်မယ်။”
ဂျိနင်မှာ တခြားနည်းလမ်းမရှိတော့ပါဘူး။

နင်မှာ သူ့မူလခန္ဓာကိုယ်ရဲ့ ကိုယ်ပွားဆယ်ငါးခု ပါလာခဲ့တယ်လေ။ အားလုံးက ကြယ်တာရာဖမ်း နန်းတော်ထဲမှာပါ… တစ်ဦးက နန်းတော်ထဲကနေ ထွက်လာခဲ့ပြီးတော့ အဆုံးအစမဲ့ မိုးကြိုးပင်လယ်ထဲ ပျံသန်း၀င်ရောက်သွားပါတော့တယ်။

အချိန်တိုလေး ပျံသန်းပြီးတဲ့အခါမှာတော့ မိုးကြိုးပင်လယ်ပြင် အစပ်ကို သူရောက်ရှိလာခဲ့ပါပြီ။

“ဝှူး”
မရေမတွက်နိုင်တဲ့ မိုးကြိုးတွေကို ကြည့်ရင်းနဲ့ နင် ရင်ထိတ်သွားခဲ့ပါတယ်။

“အထဲကို ၀င်ဖို့ အချိန်တန်ပြီ…”

၀ုန်း

အဆုံးအစမဲ့ မိုးကြိုးတွေထဲကို နင်၀င်ရောက်သွားခဲ့ပါတော့တယ်။

၀ှစ် ဝှစ် ဝှစ်

မရေမတွက်နိုင်တဲ့ မိုးကြိုးတွေဟာ သူ့နံဘေး၀န်းကျင်မှာ ကခုန်နေကြလို့ပါ။ သူ့ရဲ့ မှော်၀တ်စုံကို သိမ်းဆည်းထားလိုက်ပြီး အ၀တ်ဗလာနဲ့ မိုးကြိုးပင်လယ်ထဲ ခုန်ချလာခဲ့တာပါ… မိုးကြိုးဖြူတွေဟာ သူ့ခန္ဓာကိုယ်ပေါ်ကို အဆက်မပြတ်ကျဆင်းလာနေခဲ့ပါတယ်။ မျက်စိတမှိတ်အတွင်းကို မိုးကြိုးပေါင်း တစ်ထောင်ကျော်ဟာ သူ့ခန္ဓာကိုယ်ပေါ် ကျဆင်းလာနေတာပါ…

ဒီမိုးကြိုးတွေဟာ အင်ပါရီယာ နတ်ဘုရား စမ်းသပ်စစ်ဆေးမှု ကပ်ဘေးမှာ ကျော်ဖြတ်ခဲ့တဲ့ မိုးကြိုး ကိုးစုံထက်ကို အဆများစွာ ပိုပြီး ပြင်းထန်လို့နေခဲ့ပါတယ်။ ရှစ်ဆယ့်ကိုးပါး လျှို့ဝှက်နတ်သိုင်း န၀မမြောက် စက်ဝုိင်းကငို နင်အောင်မြင်ထားခဲ့ပြီဖြစ်လို့သာ တော်ပါသေးတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ အလွယ်တကူပဲ ရင်ဆိုင်နိုင်ခဲ့တာပါ…

“ဦးချိုကိုးချောင်း မိုးကြိုးမြွေနဂါးနဲ့ လေ့ကျင့်ပြီး ငါ့ရဲ့ နတ်ဘုရား ခန္ဓာကိုယ်ကို ပြောင်းလဲဖို့ အချိန်တန်ပြီ…”
နင်လည်း သူ့ရဲ့ အ၀တ်ဗလာ ခန္ဓာကိုယ်ကို မိုးကြိုးတွေနဲ့ ရေချိုးတဲ့အလား ချိုးနေစေခဲ့ပါတယ်။ မျက်လုံးကို မှိတ်ထားပြီး နတ်ဘုရားခန္ဓာကိုယ်အစွမ်းတွေကို ထုတ်လွှင်ထားခဲ့တယ်လေ။ ချက်ချင်းဆိုသလိုပဲ ရွှေရောင် နတ်ဘုရားဆေးမှင်ကြောင်တွေဟာ သူ့ရဲ့ ခန္ဓာကိုယ်အထက်မှာ ပေါ်လို့လာခဲ့ပါပြီ။ နတ်ဘုရားဆေးမှင်ကြောင်တွေ ဆက်တိုက်ကို ပေါ်ထွက်လာခဲ့တဲ့အတွက် နင်ကို ၀န်းရံတိုက်ခိုက်နေတဲ့ မိုးကြိုးဖြူတွေဟာ တဖြည်းဖြည်းပျော့ပြောင်းညင်သာလာသလို ဖြစ်လာခဲ့ပြီလေ။

Book 21 - 30Where stories live. Discover now